.
၂၀၂၆
ခုနှစ်၊ ဇူလိုင် ၁၇ ရက်
.
အသက်
၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တွေအပေါ် ညအချိန် လူမှုကွန်ရက်အသုံးပြုမှုကို ကန့်သတ်တဲ့
အစီအစဉ်တစ်ခုကို ဗြိတိန်အစိုးရက ကြေညာလိုက်ပါတယ်။ ဒါ့အပြင် အပေါ်အောက် အဆုံးမရှိ
ဆွဲကြည့်နိုင်တဲ့ Infinite
Scrolling စနစ်ကို ပိတ်သိမ်းခြင်းနဲ့ Ai Chatbot အသုံးပြုရမှာလည်း အနားယူချိန် သတ်မှတ်ပေးခြင်းစနစ် ပါဝင်တဲ့
အစီအစဉ်သစ်တစ်ရပ်ကို ဗြိတိန်နည်းပညာဝန်ကြီး လစ်ဇ်ကန်ဒဲလ်က ကြေညာလိုက်တာပါ။
.
.
ဒီအစီအစဉ်က
အစိုးရအနေနဲ့ ကလေးတွေရဲ့ လူမှုကွန်ရက်အသုံးပြုမှုအပေါ် ကန့်သတ်ရေး
တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဒီအစီအစဉ်အရ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်
အသုံးပြုသူတွေရဲ့စနစ်မှာ ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ လူမှုကွန်ရက်တွေကို
အသုံးပြုခွင့်ပြုဖို့ တားဆီးသွားမှာဖြစ်ပါတယ်။
.
ဒါ့အပြင်
အသုံးပြုသူတွေကို အချိန်ကြာမြင့်စွာ သုံးမိအောင် ဆွဲဆောင်နေတဲ့ အဆုံးမရှိ Reels တွေနဲ့
အကြောင်းအရာတွေကို အဆက်မပြတ် ပြသပေးနေတဲ့ Feed တွေလို
လုပ်ဆောင်ချက်တွေကိုလည်း အလိုအလျောက် ပိတ်ထားဖို့ စီစဉ်ထားတာပါ။ ဝေဖန်သူတွေကတော့
အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် လူငယ်တွေက ဒီလို ပိတ်ထားတဲ့ Setting တွေကို ကိုယ်တိုင်ပြန်ဖွင့်နိုင်ကြတာကြောင့်
ဒီအစီအစဉ်ရဲ့ထိရောက်နိုင်မှုအပေါ်မေးထွန်းထုတ်ခဲ့ကြပါတယ်။
.
ကီယာစတာမာ
ဦးဆောင်တဲ့အစိုးရက အသက် ၁၆ နှစ်အောက် လူငယ်တွေကို လူမှုကွန်ယက်အသုံးပြုမှု
ကန့်သတ်မယ့် မူဝါဒတစ်ခု ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပြီး လာမယ့်နွေဦးက စလို့ တစ်တော့၊
ယူကျု့၊ အင်စတာဂရမ်၊ ဖေ့ဘုတ်နဲ့ တွစ်တာတွေမှာ အကျုံးဝင်လာမှာဖြစ်ပါတယ်။
.
ဒီကြေညာချက်က
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာမို့ ဝန်ကြီးချုပ်အသစ်
ဖြစ်လာမယ့် အန်ဒီဘန်ဟမ် က အစီအစဉ်ရဲ့အသေးစိတ် အချက်အလက်တွေကို ဆက်လက်ဆုံးဖြတ်ရမှာ လည်း
ဖြစ်ပါတယ်။
.
နည်းပညာဝန်ကြီး
လစ်ဇ်ကန်ဒဲလ်က ဒီအစီအစဉ်ဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေ လူမှုကွန်ရက်ကို
စတင်အသုံးပြုချိန်မှာ ဖြစ်ပေါ်လာမယ့် စွဲလန်းမှုတွေကို
ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။
.
“ဒီအစီအစဉ်က
လူငယ်တွေအတွက် လုံလောက်တဲ့ အိပ်စက်ချိန်ရဖို့၊ ပညာရေးမှာ အာရုံစိုက်နိုင်ဖို့၊
မိသားစု၊ သူငယ်ချင်းတွေနဲ့ ပိုပြီး အချိန်ကုန်ဆုံးနိုင်ဖို့အတွက်
အထောက်အကူဖြစ်လာမှာ ဖြစ်ပြီး ပျော်ရွှင်ကျန်းမာတဲ့ လူကြီးဘဝကို တည်ဆောက်ရာမှာ
အခြေခံကျတဲ့အရာတွေကို ခံစားနိုင်မှာဖြစ်ပါတယ်” လို့ ကန်ဒဲလ်က ဆိုပါတယ်။
.
ဗြိတိန်
သိပ္ပံ၊ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာဌာနရဲ့ပြောဆိုချက်အရ နိုင်ငံတစ်ဝန်းမှာရှိတဲ့
ဆယ်ကျော်သက် ၃၀၀ ကျော်နဲ့ မိဘတွေ ပါဝင်ခဲ့တဲ့ စမ်းသပ်စီမံကိန်းမှာ ညအချိန်
လူမှုကွန်ရက် ကန့်သတ်မှုတွေကြောင့် မိသားစုဝင်တွေက အိပ်စက်မှုနဲ့
အာရုံစူးစိုက်နိုင်မှု ပိုပြီး တိုးတက်လာကြောင်း သိရပါတယ်။
.
ဒါ့အပြင်
ကန်ဒဲလ်က Ai အသုံးပြုနေတဲ့ ကလေးတွေအတွက် လုံခြုံရေးအစီအစဉ်သစ်တွေကိုလည်း
မိတ်ဆက်ပေးဖို့ စီစဉ်ထားတဲ့အကြောင်း အသိပေးသွားခဲ့ပါသေးတယ်။ အသက် ၁၈ နှစ်အောက်
လူငယ် တွေအနေနဲ့ Ai Chatbot တွေ အသုံးပြုနေချိန်မှာ
ပုံမှန်အနားယူချိန် ရယူဖို့လိုပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့
စိတ်ကျန်းမာရေးအကြံပေးချက်တွေ ပေးနေတဲ့ Ai ဝန်ဆောင်မှုတွေကို
အရေးယူသွားမှာဖြစ်ကြောင်းနဲ့ ကလေးတွေအတွက် အန္တရာယ်ဖြစ်စေမယ့် Chatbot တွေကိုလည်း ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း ဆိုပါတယ်။
.
ဝေဖန်သူတွေဘက်ကတော့
အသက် ၁၆ နှစ်အရွယ် လူငယ်တွေကို မဲပေးခွင့်ပေးထားခဲ့ပေမဲ့ လူမှုကွန်ရက် အသုံးပြုမှုကို
ကန့်သတ်ခြင်းက အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး အစိုးရအနေနဲ့
အသက် ၁၆ နှစ်အောက် ကလေးတွေကိုသာ လူမှုကွန်ရက်ကနေ အမှန်တကယ် ခွဲထုတ်နိုင်ဖို့
အာရုံစိုက်သင့်ကြောင်း ပြောဆိုနေကြပါတယ်။
Source –
shropshirestar
.

No comments:
Post a Comment