ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ ရွှေညောင်
ကုန်းလှိုင်ကန် အဆင့်မြှင့်တင်ပြုပြင်ရေးအတွက် စည်ပင်သာယာရေးဌာနသို့ တင်ပြထားခြင်း
မရှိသေး
တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့မှာရှိတဲ့ ကုန်းလှိုင်ရေကန် အဆင့်မြှင့်တင် ပြုပြင်ရေး
ဆောင်ရွက်ရန်အတွက် စည်ပင်သာယာရေးဌာနကို တရားဝင် တင်ပြထားခြင်းမရှိသေးဘဲ လိုအပ်တဲ့
တွက်ချက်မှုတွေ ဆောင်ရွက် ပေးဖို့သာ တင်ပြထားတဲ့အကြောင်း
မြို့နယ်စည်ပင်သာယာရေးဌာနဆီကနေ သိရပါတယ်။
.
■ ဒီဇယ်ဆီ၊ LNG
နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုများကို ဇူလိုင်လကုန်အထိ
အခွန်ကင်းလွတ်ခွင့်ပြု
ဒီဇယ်ဆီ၊
LNG ဓာတ်ငွေ့နဲ့ဓာတ်မြေဩဇာ တင်သွင်းမှုတွေကို ဇူလိုင်လကုန်အထိ
အခွန်ကင်းလွတ်ခွင့် ထပ်မံခွင့်ပြုလိုက်တဲ့အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက
ထုတ်ပြန်ကြေညာထားပါတယ်။
.
■ နိုင်ငံခြား
ကစားသမားသစ်တွေနဲ့ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်း နိုင်ပွဲဆက်
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲရဲ့
ပွဲစဉ် ၄ ဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ Young
Lionesses တို့ရဲ့ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်က ၄-၀
ဆိုတဲ့ရလာဒ်နဲ့အနိုင်ယူပြီး နိုင်ပွဲဆက်သွားခဲ့ပါတယ်။
.
#KBZTai #Shan #Broadcasting #News
No comments:
Post a Comment