အာရှပရိသတ် တွေ့ဆုံပွဲခရီးစဉ်ကို ကြေညာလိုက်တဲ့ TOP - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

အာရှပရိသတ် တွေ့ဆုံပွဲခရီးစဉ်ကို ကြေညာလိုက်တဲ့ TOP

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်

.

တောင်ကိုရီးယားရဲ့နာမည်ကျော် ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BIGBANG ရဲ့အဖွင့်ဝင်ဟောင်း တစ်ယောက်ဖြစ်တဲ့ TOP ကတော့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော် အာရှပရိသတ်တွေ့ဆုံပွဲခရီးစဉ်ဖြစ်တဲ့ “T.O.P PRE-STUDIO 2026” အတွက် ပွဲကျင်းပမယ့် ရက်စွဲတွေနဲ့ မြို့တွေကို ကြေညာသွားခဲ့ပါတယ်။

.

.

လက်ရှိမှာ သရုပ်ဆောင်နဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ TOP က အာရှပရိသတ်ခရီးစဉ် အတွင်းမှာ ဟောင်ကောင်၊ တိုင်ပေ၊ ဂျကာတာ၊ ကွာလာလမ်ပူ၊ တိုကျိုနဲ့ ထိုင်ဝမ်နိုင်ငံတောင်ပိုင်းက ခိုဆီယမ် မြို့တွေဆီ သွားရောက်မှာဖြစ်ပြီး ပရိသတ်တွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် ထုတ်ပြန်ထားတဲ့ ပိုစတာ မှာလည်း နောက်ထပ်မြို့တွေကို ထပ်မံကြေညာသွားဦးမယ်လို့ အရိပ်အမြွက် ဖော်ပြထားတာကြောင့် အာရှနိုင်ငံတွေမှာ နောက်ထပ် ပွဲတွေ တိုးလာဦးမယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြတာပါ။

.

ပရိသတ်တွေ့ဆုံပွဲရဲ့နာမည်ဖြစ်တဲ့ “PRE-STUDIO” ဆိုတာက ပြီးခဲ့တဲ့ဖျော်ဖြေပွဲတွေနဲ့ မတူညီတဲ့ပုံစံသစ် တစ်မျိုးကို ရည်ညွှန်းထားတာဖြစ်တဲ့အကြောင်း TOP ရဲ့အေဂျင်စီက ဆိုပါတယ်။ စီစဉ်သူတွေရဲ့ ပြောဆိုချက် အရ ဒီတွေ့ဆုံပွဲမှာ TOP တစ်ဦးတည်း သီဆိုမှာမဟုတ်ဘဲ ပရိသတ်တွေကလည်း ဖျော်ဖြေမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ခွင့်ရမယ့် အတွေ့အကြုံသစ်ကိုလည်း ဖန်တီးပေးသွားမယ်လို့ဆိုတာပါ။

.

လက်ရှိမှာတော့ TOP က ဇူလိုင် ၉ ရက်မှာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ပရိသတ်တွေ့ဆုံပွဲအတွက် ပြင်ဆင် နေပြီး ဒီပွဲက အာရှခရီးစဉ်မတိုင်မီ ပရိသတ်တွေနဲ့ပြန်လည်တွေ့ဆုံမယ့် အထူးအစီအစဉ်တစ်ခုအဖြစ် စိတ်ဝင်စားမှု မြင့်တက်နေတာလည်းဖြစ်ပါတယ်။

.

Source – Soompi

.

No comments:

Post a Comment

Pages