.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
ရုရှားနဲ့ ယူကရိန်းအကြား
အပြန်အလှန်တိုက်ခိုက်မှုတွေ မြင့်မားလာခဲ့ပြီး တစ်ရက်အတွင်း သေဆုံးသူ ၂၂ ဦးအထိ
ရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရုရှားရဲ့ နှစ်ရက်တာ အတွင်း
တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံသား ၁၁ ဦး သေဆုံးခဲ့ရသလို ယူကရိန်းရဲ့ တိုက်ခိုက်မှု
ကြောင့်လည်း ရုရှားဘက်က ၁၁ ဦး သေဆုံးခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ထားကြတာပါ။
.
.ရုရှားနိုင်ငံတောင်ပိုင်း ခရက်စ်နိုဒါ ဒေသရဲ့
အုပ်ချုပ်ရေးမှုး ဗီနီယာမင် က ဂျယ်လန်ဂျစ်အနီး အပန်းဖြေ ကျေးရွာမှာ
ယူကရိန်းဒရုန်းအစိတ်အပိုင်းတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် လူ
၇ ဦးသေဆုံးပြီး ၄၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။
.
ဒါ့အပြင် ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ဒေသထဲမှာလည်း
ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေက ၄ ဦးအထိ မြင့်တက်လာပြီး ၁၇
ဦးဒဏ်ရာရထားတဲ့အခြေအနေ ဖြစ်နေတာပါ။
.
ယူကရိန်းနိုင်ငံရဲ့ ဒီနီပရိုပက်ထရို့ဒေသ မှာတော့
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးနဲ့
သူ့ရဲ့သားဖြစ်သူအပါအဝင် သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဒေသက
စစ်ပွဲတစ်လျှောက် မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ နေရာဖြစ်ပြီး ယူကရိန်းရဲ့ လူသေဆုံးမှု
အများဆုံးဒေသ ဖြစ်နေတာပါ။
.
ဒေသအုပ်ချုပ်ရေးမှူး ဟန်ဇာ ကတော့
တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုတွေပါ ဖြစ်ပေါ်ခဲ့ပြီး
ဓာတ်ဆီဆိုင်တစ်ဆိုင်နဲ့ အနီးအနားက မော်တော်ယာဉ်တွေပါ ပျက်စီးခဲ့တယ်လို့
ပြောဆိုထားပါတယ်။
.
ဒါ့အပြင် ဇာပိုရီချာ ဒေသမှာ ညအချိန်
တိုက်ခိုက်မှုတစ်ခုကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၈ ဦး သေဆုံးခဲ့တဲ့အကြောင်း
ယူကရိန်းတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
.
ဒီလတွေထဲမှာ ရုရှားရော ယူကရိန်းပါ
အရပ်သားသေဆုံးမှုတွေ မြင့်တက်လာခဲ့ကြပြီး နှစ်ဖက်စလုံးက အရပ်သားတွေကို
ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
.
တစ်ဖက်မှာလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသမှာရှိတဲ့ ကျေးရွာ ၂ ရွာကို
သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။
.
ယူကရိန်းဘက်ကလည်း ရုရှားရဲ့
အွန်လိုင်းလက်လီရောင်းချရေး ကုမ္ပဏီ WildBerries ကို
ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဗလာဒီမာဒေသ ထဲက ကုန်လှောင်ရုံတစ်ခု
ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
.
ယူကရိန်းသမ္မတ ဇီလန်းစကီးကတော့ WildBerries
ကို ရုရှားရဲ့စစ်ဆင်ရေးတွေမှာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတယ်လို့
စွပ်စွဲထားတာပါ။
.
ဇီလန်းစကီးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး
တွေ့ဆုံမှုက ရလာဒ်ကောင်းတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ယူကရိန်း ဘက်ကတော့
လေကြောင်းကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အမေရိကန်ရဲ့အကူအညီကို
ဆက်လက်မျှော်လင့်နေပြီး ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
.
Source – Aljazeera
.

No comments:
Post a Comment