.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့်
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ ယမန်နေ့ ဩဂုတ်လ ၃ ရက်က
နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း
သိရသည်။
.
.တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)
နှင့် ပိုမိုကောင်းမွန် သည့်
နိုင်ငံရေးအခင်းအကျင်းများရရှိလာရေးအတွက် အသေးစိတ် ဆက်လက်ဆွေးနွေးပေးစေ
လိုကြောင်းနှင့် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး နှင့်
ဒေသဖွံ့ဖြိုးရေးကိစ္စ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း
ပြောကြားခဲ့သည်။
.
ထို့နောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)
ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက မိမိတို့သည် နိုင်ငံတော်အစိုးရက
ရှေ့ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး သဘောထား
ကွဲလွဲမှု များကို ဖြေရှင်းနိုင်ရန် အမြဲလိုက်နာ ကျင့်သုံးလျက်ရှိကြောင်းနှင့်
ပြည်သူလူထု၏ လုံခြုံမှုကို အခြေခံ အုတ်မြစ်အဖြစ် ခိုင်မာစေကာ မူးယစ်ဆေးဝါး၊
အွန်လိုင်း လိမ်လည်မှု စသည့် အမျိုးမျိုးသော ပြစ်မှု ဆိုင်ရာများကို
ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ယင်းနောက် တက်ရောက်လာသူများက ကျန်းမာရေး၊
ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား
အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါဆွေးနွေးပွဲသို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ
(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်
ကော်မတီဝင်များ၊ UWSP ဘက်က ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊
ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသ နိုင်ငံရေးမှူး
ဦးထင်ဆမ်ရုန်း(ခ)အားဖူ၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈
နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်၊ လားရှိုးဆက်ဆံရေးရုံး
တာဝန်ခံ ဦးကျောက်ညီရမ်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ ဩဂုတ်လ ၄ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု
ညှိနှိုင်းရေး ကော်မတီ (NSPNC) ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်
ဇွန်လ ၁၈ ရက်ကလည်း “ဝ” ဒေသ၊ ပန်ဆန်း မြို့သို့ သွားရောက်၍ UWSP/UWSA တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်။
.

No comments:
Post a Comment