ဟဲဟိုးမှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ် ၂ ဦးကို လားရှိုးတွင် ပြန်တွေ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 11, 2026

ဟဲဟိုးမှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ် ၂ ဦးကို လားရှိုးတွင် ပြန်တွေ့

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်

.

ရှမ်ပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့မှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ် ၂ ဦးကို ယနေ့ ဩဂုတ်လ ၁၁ ရက်တွင် လားရှိုးမြို့၌ ပြန်လည်တွေ့ရှိထားပြီဖြစ်သည်ဟု သိရသည်။

.

.

“လားရှိုးမှာ ပြန်တွေ့တယ်။ နယ်မြေရဲစခန်းမှာ ခေါ်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အခု ဒီနေ့ညပဲ သူ့မိဘ နဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ပြန်သွားခေါ်မယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

.

ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်ကျေးရွာအုပ်စု၊ ပေါပဲကျေးရွာနေ မမိုးပြည့်ပြည့်စံနှင့် အင်းခေါင်းကျေးရွာနေ မထက်အိမ်စိုးတို့ နှစ်ဦးသည် ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နံနက် ၆ နာရီဝန်းကျင်ခန့်က နေအိမ်မှ ထွက်ခွာသွားပြီး ကျောင်းသို့ မရောက်ရှိဘဲ အဆက်အသွယ်မရ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

မိန်းကလေးငယ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အုပ်ထိန်းသူ မိဘများက ဟဲဟိုးနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းပြီးနောက် လိုက်လံစုံစမ်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“အခု လားရှိုးမှာပါ။ ခေါ်သွားတာ မဟုတ်ဘူး။ အွန်လိုင်းကနေ ချိတ်ဆက်ပြီး သွားတာပါ။ လူကုန်ကူးပုံစံတော့ လောလောဆယ် မတွေ့ရသေးပါဘူး။ စစ်ဆေးနေတုန်းပါ။ အမှုမဖွင့်ရသေးပါဘူး” ဟု လားရှိုးနယ်မြေရဲစခန်း တာဝန်ရှိသူက ပြောသည်။

.

မိန်းကလေးငယ် ၂ ဦးမှာ လူကုန်ကူးခံရခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေပြီး လူမှုကူညီရေးအသင်းများ ကမူ ရှမ်းမြောက်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တရုတ်မယားအဖြစ် လိမ်လည် လူကုန်ကူး ရောင်းစားမှုများ ရှိနေသည့်အတွက် ရှမ်းမြောက်ဒေသသို့ လာရောက် မည့် မိန်းကလေးငယ်များအနေဖြင့် သေချာ စုံစမ်းစိစစ်ပြီးမှသာ လာရောက်သင့်ကြောင်း အကြံပြု ပြောဆိုထားသည်။

.

No comments:

Post a Comment

Pages