ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင် တရုတ်နိုင်ငံထုတ် တရားမဝင်စားသောက်ကုန်ပစ္စည်း ကွန်တိန်နာ ၂ လုံး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 9, 2026

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင် တရုတ်နိုင်ငံထုတ် တရားမဝင်စားသောက်ကုန်ပစ္စည်း ကွန်တိန်နာ ၂ လုံး ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်

.

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ ချင်းဆန်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၈ ရက်က တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် လတ်ဆတ်အစားအသောက်ကုန်ပစ္စည်းများ ပါဝင်သည့် ကွန်တိန်နာ ၂ လုံးကို ဖမ်းဆီး ရမိခဲ့ကြေင်း သိရသည်။

.

.

ချင်းရိုင်ငါးလုပ်ငန်းစစ်ဆေးရေးဌာန၊ ချင်းဆန်အကောက်ခွန်ဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့သည် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် ချင်းဆန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် သင်္ဘောပေါ်မှ ကုန်တင်ကွန်တိန်နာ များကို စစ်ဆေးရာတွင် အဆိုပါ တရားဝင်တင်သွင်းခွင့်ပြုချက် မရှိသည့် ကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများတွင် ဝက်သား၊ ငန်းသား၊ ကြက်သား၊ ဘဲသား၊ ဟင်းသီးဟင်းရွက်များနှင့် ရေထွက်ပစ္စည်းများ အပြင် ငါးအသားပုံး ၃၀ လုံး၊ အေးခဲထားသည့် ဓားငွေငါးများ ပါဝင်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိ တရားမဝင်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဥပဒေအရ အရေးယူ သွားမည်ဖြစ်ပြီး သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများကို သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းကာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages