အေးသာယာတွင် အမျိုးသား ၄ ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 9, 2026

အေးသာယာတွင် အမျိုးသား ၄ ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်

.

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ ဩဂုတ်လ ၈ ရက်၊ ညနေပိုင်းက အမျိုးသား ၄ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဩဂုတ်လ ၈ ရက်၊ ညနေ ၄ နာရီခွဲခန့်က အေးသာယာမြို့၊ အမှတ် (၆) ရပ်ကွက်၊ မြို့ဦးကျောင်းလမ်းသွယ်ရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

.

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်း အိမ်ရှင်ဖြစ်သူ ဇာနီဦး (ခ) အဂျမ်း နှင့်အတူ စံလင်း (ခ) ဖိုးလုံး၊ သီဟဇော်၊ ခွန်ပြည့်ဖြိုးအောင် (ခ) ညီညီ တို့ ၄ ဦးအား ဝိုင်းဖွဲ့ထိုင်လျက် တွေ့ရှိရပြီး ၎င်းတို့ ဝိုင်းဖွဲ့ထိုင်နေသည့် အိပ်ရာပေါ်တွင် စိတ်ကြွမူးယစ်ဆေးဝါး ၂၀၀ ပြားပါ ၁ ထုပ်၊ ၁၀၀ ပြားပါ ၁ ထုပ်၊ ဂတ်စ်မီးခြစ် ၂ လုံး၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုရန် ပြုလုပ်ထားသည့် ပလတ်စတစ် အအေးဘူးခွံ ၂ ခု၊ အဖြူရောင်ခဲပြား ပေါ်တွင် သုံးလက်စ စိတ်ကြွမူးယစ်ဆေးပြား ၁ ပြားစီပါသည့် ခဲပြားအပိုင်း ၂ ခု၊ ဇာနည်ဦး (ခ) အဂျမ်း ၏ ခန္ဓာကိုယ်တွင် လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါး ၂၀၀ ပြားပါ ၁ ထုပ် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

“ဖမ်းမိတာ ဟုတ်ပါတယ်။ မူးယစ်ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဇာနည်ဦး (ခ) အဂျမ်း၊ စံလင်း (ခ) ဖိုးလုံး၊ သီဟဇော် နှင့် ခွန်ပြည့်ဖြိုးအောင် (ခ) ညီညီ တို့ ၄ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages