.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း
၁၇ ကျောင်းကို လုံခြုံရေးအခြေအနေ အရ ပိတ်သိမ်းခဲ့သည်ဟု သိရသည်။
.
.ဒုဋ္ဌဝတီတံမြစ်ကူးတံတား (သီပေါ) ၏ တစ်ဘက်ခြမ်း ဆောင်ကြဲ
စသည့်နယ်မြေများမှ ကျောင်းပေါင်း ၁၇ ကျောင်းကို ဩဂုတ်လ ၁၀ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ပိတ်သိမ်းခံရသည့်ကျောင်းများမှာ ဆောင်ကြဲ
နှင့်ဆင်ကျော့မှ အထက ၂ ကျောင်း၊ နောင်အန်မှ အလကခွဲ ၁ ကျောင်း၊ ပန်ခန်း၊ မခေါ် ၊
နားတောင့် မှ မူလွန် ၄ ကျောင်း၊ ပန်စောက်မိန်း၊ နောင်တုံ၊ ပန်မိတ်မှ အမက ၁၀
ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။
.
“အဲဒီကျောင်း ၁၇ ကျောင်းကိုတော့ ဘယ်လိုရည်ရွယ်ချက်နဲ့လဲတော့
မသိဘူးပေါ့။ ပေးမဖွင့်ဘူး ဆိုတဲ့ အနေ အထား ဖြစ်သွားတယ်။ ဒီ ကျောင်း ၁၇ ကျောင်းကလည်း
အမှန်တကယ် မြေပြင်မှာ အေးချမ်းပြီးတော့ အဖွဲ့အစည်းတွေကလည်း ပေးဖွင့်ထားတာပါ။ အခုလို
ပိတ်လိုက်တော့ ကျောင်းသားပေါင်း တစ်ထောင်ကျော် အားလုံး ဒုက္ခရောက်နေတာပေါ့” ဟု သီပေါမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က ပြောသည်။
.
ပိတ်သိမ်းခံရသည့် စာသင်ကျောင်း ၁၇ ကျောင်းအနက် အချို့မှာ
MNDAA လက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ် ဒေသတွင် ရှိနေပြီး နှစ်ဘက်
ညှိနှိုင်းသဘောတူမှုအရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျောင်းများ ပိတ်သိမ်းခံရမှုနှင့် ပတ်သက်၍
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်တွင်
တင်ပြထားခဲ့ပြီး ပြည်နယ်အစိုးရမှ ဆောင်ရွက်ပေးမည့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း
သိရသည်။
.
“လက်ရှိမှာတော့ ဘာမှ ဆောင်ရွက်လို့မရတဲ့ အနေအထား
ဖြစ်နေတာပေါ့။ နီးစပ်ရာကျောင်းကို တက်ခိုင်းပေမဲ့ ကျောင်းမတက်နိုင်တော့တဲ့ အနေအထားတွေ
ဖြစ်သွားတာပေါ့” ဟု စိုင်းကောင်းသက်စံက ပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်က သီပေါမြို့နယ်တွင်
အခြေခံပညာစာသင်ကျောင်း အနည်းငယ်သာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် ကျောင်းများ
ပိုမိုဖွင့်လှစ်နိုင်အောင် ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းတင်ပြခဲ့ပြီး
ကျောင်းပေါင်း ၇၀ ကျော် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ယခု ကျောင်းဖွင့်ပြီး ၂ လ
ကျော်အကြာတွင် ၁၇ ကျောင်းကို ပြန်လည်ပိတ်သိမ်းရခြင်းဖြစ်သည်ဟု သိရသည်။
.

No comments:
Post a Comment