ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က အခမဲ့ ကွင်းဆင်းဆေးကုသ ပေးမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, August 7, 2026

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က အခမဲ့ ကွင်းဆင်းဆေးကုသ ပေးမည်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့က ဩဂုတ်လ ၈ ရက်မှ ၉ ရက် အထိ ၂ ရက်ကြာ အခမဲ့ ကွင်းဆင်းဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ဆေးကုသမှု အစီအစဉ်တွင် ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ ရောဂါများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ရောဂါများ၊ ဆီးနှင့် ကျောက်ကပ် ရောဂါများ၊ အသည်းကုသမှုဆိုင်ရာ ရောဂါများ၊ နှလုံးဆေးကုသမှုဆိုင်ရာ ရောဂါများ၊ အရိုး၊ အကြော၊ အဆစ် ရောဂါများ၊ အထူးကုနှင့် ပြသရန် လိုအပ်သည့် အထွေထွေရောဂါများ၊ ကလေးဦးနှောက်နှင့် အာရုံကြော ရောဂါ များကို သက်ဆိုင်ရာသမားတော်ကြီးများက အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

“ကျန်မာရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ လာတာပါ။ အခမဲ့ပါပဲ။ ကျွန်မတို့ ပြည်နယ်အတွက်ကတော့ အထူး အခွင့် အရေး တစ်ခုပေါ့နော်။ အထူးကုသမားတော်ကြီးတွေ လာမှာဖြစ်ပြီး အခမဲ့လည်း ကုသရမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းပြီး လိုအပ်တဲ့သူတွေ လာရောက်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

ဆေးကုသမှု ခံယူလိုသူများအနေဖြင့် ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ ကြိုတင်စာရင်းပေးသွင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages