ရုရှားက နေတိုးအဖွဲ့ကို တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် စစ်ထောက်လှမ်းရေး သတိပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

ရုရှားက နေတိုးအဖွဲ့ကို တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် စစ်ထောက်လှမ်းရေး သတိပေး


ယူကရိန်းစစ်ပွဲအတွင်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားသမ္မတ ပူတင်အနေနဲ့ လာမယ့် ရက်ပိုင်းအတွင်း နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုကို တိုက်ခိုက်လာနိုင်ဖို့ ရှိတဲ့အကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွေအရ သိရပါတယ်။ ဒီ တိုက်ခိုက်မှုက နေတိုးအဖွဲ့ရဲ့ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ဖို့ မြေပြင် ထိုးစစ်တစ်ခု စီစဉ်နေတာလည်း ဖြစ်နိုင်တဲ့အကြောင်း သုံးသပ်မှုတွေ ရှိထားတာပါ။

.
အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေက ယူကရိန်းနဲ့ ရုရှား စစ်ဖြစ်နေချိန်မှာ ပူတင်အနေနဲ့ နေတိုးကို ရန်စမယ့် လုပ်ရပ်တွေ မလုပ်နိုင်ဘူးလို့ ယုံကြည်ထားကြပေမယ့်လည်း ထွက်ပေါ်လာတဲ့ အချက်အလက်တွေ အရတော့ နေတိုးရဲ့ တုံ့ပြန်မှုတွေကို စမ်းသပ်ဖို့ အကန့်အသတ် ရှိတဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်လာနိုင်တယ်လို့ သိလာရတာပါ။
.
ဖြစ်လာနိုင်ခြေ ရှိတဲ့ ခြိမ်းခြောက်မှုတွေ ထဲမှာတော့ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုအပေါ် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခြင်း၊ လက်နက်ကိုင်အဖွဲ့တွေ ပို့ပြီး နယ်မြေ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ခြင်းနဲ့ နေတိုးရဲ့ အရှေ့ဘက်ခြမ်း နိုင်ငံတစ်ခုအပေါ် စစ်ရေးထိုးဖောက်မှု ပြုလုပ်ခြင်း စတာတွေ ပါဝင်နေပါတယ်။
.
သုံးသပ်ချက်တွေအရတော့ ရုရှားက ပိုလန်နိုင်ငံအတွင်းက မြို့တစ်မြို့၊ ဒါမှမဟုတ် ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံဖြစ်ကြတဲ့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယား တို့အထဲက တစ်နိုင်ငံကို တိုက်ခိုက်ဖို့ ကြိုးပမ်းလာနိုင်ပြီး ဒီနိုင်ငံတွေက ယူကရိန်းကို အခိုင်အမာ ထောက်ခံနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်နေကြတာပါ။
.
လစ်သူယေးနီးယားသမ္မတ နူဆီဒါက ဒီလို သတင်းအချက်အလက်တွေ ရှိနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါတွေက စစ်ရေးအရ တိုက်ခိုက်မှုတွေကို ရည်ညွှန်းနေတာပါ၊ အကြီးစား တိုက်ခိုက်မှု မဟုတ်ပေမယ့် အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး ဖြစ်လာနိုင်ခြေရှိပါတယ်” လို့ ပြောဆိုထားပါတယ်။

.
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးက ရုရှားအနေနဲ့ ဘောလ်တစ်ဒေသကို တိုက်ခိုက်ဖို့ ယူကရိန်းထုတ်ဒရုန်းတွေကို အသုံးပြုပြီး အယောင်ဆောင်တိုက်ပွဲ ဆင်နွှဲဖို့ စီစဉ်နေကြောင်း ပြောဆိုထားပါတယ်။
.
ရုရှားအတိုက်အခံနိုင်ငံရေးသမား ဂယ်ရီကက်စပါရော့ ကလည်း ပူတင်အနေနဲ့ ဘောလ်တစ်နိုင်ငံတွေအပေါ် အသေးစားတိုက်ခိုက်မှု ပြုလုပ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ဆိုပါတယ်။

.
ပူတင်အတွက် အနိုင်ရတယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခု လိုနေတာပါ။ ယူကရိန်းစစ်ပွဲကတော့ သူ့ကို အဲဒီအခွင့်အရေးမပေးတော့ဘူးမို့ အခြားနိုင်ငံတွေကို သွေးတိုးစမ်းဖို့ ဖြစ်နိုင်ခြေတိုးလာပါတယ်” လို့ ကက်စပါရော့ ကဆိုပါတယ်။
.
လက်ရှိမှာတော့ ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံက ရုရှားနဲ့ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်တို့ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ နယ်စပ်လုံခြုံရေးတွေကို တိုးမြှင့်ထားကြတာပါတယ်။

.

နေတိုးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဗိုလ်မှူးကြီး အိုဒွန်နဲလ်ကတော့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမျိုးစုံအတွက် ကျွန်တော်တို့ အမြဲတမ်း စဉ်းစားပြင်ဆင်ထားပါတယ်။ နေတိုးအဖွဲ့အနေနဲ့ စောင့်ကြည့်နေပြီး လိုအပ်လာရင် ကာကွယ်ပေးဖို့လည်း အသင့်ရှိပါတယ်” လို့ ပြောဆိုထားပါတယ်။
.
ယူကရိန်းစစ်ပွဲစတင်ချိန်က စပြီး ရိုမေးနီးယားနိုင်ငံအတွင်းကို ရုရှားဒရုန်းတွေ ဝင်ရောက်ပျံသန်းမှု များစွာရှိခဲ့သလို လစ်သူယေးနီးယားနယ်စပ်မှာလည်း ဒရုန်းတစ်စင်း ဝင်ရောက်လာခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှုသတိပေးချက်တွေ ထွက်ပေါ်လာခဲ့ဖူးတာပါ။

.
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ်လေဆိပ်မှာ ယူကရိန်းပိုင်ကုန်တင်လေယာဉ်အနီး ပေါက်ကွဲစေတဲ့ ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ကြရလို့ အရေးပေါ်ရှင်းလင်းရေးတွေလုပ်ခဲ့ရသေးတာဖြစ်ပါတယ်။
.
Source – TheSun

No comments:

Post a Comment

Pages