.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့ရှိ ရွှေညောင်နယ်မြေရဲစခန်းတွင် ဆိုင်ကယ်ခိုးမှုဖြင့်
ဖမ်းဆီးထားသူတစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ နောက်ထပ် ဆိုင်ကယ်ခိုးမှုတစ်ခု
ထပ်မံပေါ်ပေါက်ခဲ့သည် ဟု သိရသည်။
.
.ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရပ်ကွက်တွင်
ဩဂုတ်လ ၉ ရက်၊ နံနက်ပိုင်းက မော်တော်ဆိုင်ကယ် ခိုးယူခဲ့သူ ရွှေညောင်မြို့၊ တောင်လေးလုံး
ကျေးရွာအုပ်စု၊ ဥမှင်ကျေးရွာနေ ဇင်မျိုးအောင်ကို ယင်းနေ့တွင်ပင် ဖမ်းဆီး
ရမိခဲ့ပြီးနောက် ၎င်းအား စစ်ဆေးမြန်းမြန်းချက်အရ နောက်ထပ် ဆိုင်ကယ်ခိုးယူမှုတစ်ခု ထပ်မံ
ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကျူးလွန်သူ ဇင်မျိုးအောင်သည် ပြီးခဲ့သည့်
ဇူလိုင်လ ၁၄ ရက်၊ ညပိုင်းက ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်၊
ရွှေညောင်-ရပ်စောက်သွားလမ်းရှိ နေအိမ်တစ်ခုအတွင်း သော့တန်းလန်းဖြင့်
ရပ်တန့်ထားသည့် Loujia Dream 110 အမျိုးအစား
အနက်ရောင်ဆိုင်ကယ်အား ခိုးယူမောင်းနှင်ပြီး ၎င်းနေအိမ် နောက်ဖေးပြောင်းခင်းထဲတွင်
ဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
.
ထွက်ဆိုချက်အရ ဥမှင်ကျေးရွာရှိ ၎င်း၏နေအိမ်
နောက်ဖေးရှိ ပြောင်းခင်းအတွင်းသို့ သွားရောက်ရှာဖွေရာ သက်သေခံဆိုင်ကယ်ကို
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် ဆိုင်ကယ်ပိုင်ရှင် အား စုံစမ်းရာ သိမ်းဆည်းရမိသက်သေခံဆိုင်ကယ်မှာ
ရွှေညောင်မြို့ ၊ သုခ ချမ်းသာရပ်ကွက် ၊ နယ်မြေ (၁)၊ ရွှေညောင်-ရပ်စောက်သွားကားလမ်းမ
ဘေးနေ အမျိုးသားတစ်ဦး ပိုင်ဆိုင်သော ဆိုင်ကယ်ဖြစ်ကြောင်း သိရပြီး
ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်တန်း
ထားခြင်းမရှိကြောင်း သိရသည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူသူ ဇင်မျိုးအောင်ကို
ရွှေညောင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ထပ်မံအမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment