အေးသာယာတွင် ဆိုင်ကယ်ခိုးယူသူ ၂ ဦးကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, August 12, 2026

အေးသာယာတွင် ဆိုင်ကယ်ခိုးယူသူ ၂ ဦးကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဆိုင်ကယ်ခိုးယူသွားသူ ၂ ဦးကို ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် သက်သေခံ ဆိုင်ကယ်နှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၁) နေ အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၉ ရက်၊ ညပိုင်းက ၎င်း ပိုင်ဆိုင်သည့် NEW ZHINENG-110 အမျိုးအစား အဖြူရောင် မော်တော် ဆိုင်ကယ်အား နေအိမ်အတွင်း ရပ်တန့်ထားခဲ့ပြီးနောက် ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် ခိုးယူ ခံထားရသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆိုင်ကယ်ခိုးယူခံရမှုနှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူက အေးသာယာနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့ဝင်များက ခိုးယူသွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့ရာ ခိုးယူသွားသူများမှာ အေးသာယာမြို့၊ ရပ်ကွက် (၈) နေ အောင်ပြည့်စုံ (ခ) အောင်ပြည့် နှင့် နေမျိုးနိုင် (ခ) ဖိုးသား တို့ ညီအစ်ကို နှစ်ဦး ဖြစ်ကြောင်း သိရပြီး ၎င်းတို့နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ အစ်ကိုဖြစ်သူ အောင်ပြည့်စုံ (ခ) အောင်ပြည့် အား ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးရမိသူ အောင်ပြည့်စုံ (ခ) အောင်ပြည့် ၏ ထွက်ဆိုချက်အရ ခိုးယူလာသော ဆိုင်ကယ်အား အေးသာယာ မြို့၊ ရပ်ကွက် (၉) ရှိ လူမနေသည့် နေအိမ်အတွင်း ရပ်တန့်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသည့် NEW ZHINEIN-110 အမျိုးအစား၊ ဖြူ/နက်ရောင်ဆိုင်ကယ်နှင့်အတူ တူးဘောက် အတွင်းမှ ဆိုင်ကယ်လိုင်စင်၊ ဝှီးတက်နှင့် ငွေကျပ် ၃ သိန်းခွဲအား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ကျန် ကျူးလွန်သူတစ်ဦးဖြစ်သူ နေမျိုးနိုင် (ခ) ဖိုးသားအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက် (၇)၊ တိုင်းလုံလမ်းဆုံအနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိသူ အောင်ပြည့်စုံ (ခ) အောင်ပြည့်နှင့် နေမျိုးနိုင် (ခ) ဖိုးသား တို့နှစ်ဦးအား အေးသာယာ နယ်မြေရဲစခန်းတွင် အသေးစိတ် စစ်ဆေးမေးမြန်းပြီး တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages