ကိုရီးယား ရထားလမ်းစီမံကိန်းအတွင်း သေဆုံးခဲ့တဲ့ မြန်မာလုပ်သား တစ်လကို ၃၅၅ နာရီ အလုပ်ဆင်းခဲ့ရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, August 12, 2026

ကိုရီးယား ရထားလမ်းစီမံကိန်းအတွင်း သေဆုံးခဲ့တဲ့ မြန်မာလုပ်သား တစ်လကို ၃၅၅ နာရီ အလုပ်ဆင်းခဲ့ရ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

.

တောင်ကိုရီးယားနိုင်ငံရဲ့ KTX ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့တဲ့ မြန်မာလုပ်သား ဟာ တစ်လကို ၃၅၅ နာရီလောက် အလုပ်ဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လစာပေးချေမှု မှတ်တမ်း ထွက်ပေါ်လာပြီးနောက်မှာ အခုလို နာရီအချိန်ပို များစွာ ဆင်းခိုင်းတဲ့ ကိစ္စနဲ့ ရထားလမ်းစီမံကိန်းက လုပ်သားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

.

.

သေဆုံးခဲ့တဲ့ အဲဒီမြန်မာအလုပ်သမားဟာ KTX ရထားလမ်း ဆောက်လုပ်ရေး စီမံကိန်းအတွင်းမှာ နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ တစ်လအတွင်း ၃၅၅ နာရီ အလုပ်လုပ်ခဲ့ရတာဖြစ်ပြီး ဒါဟာ ပျှမ်းမျှအားဖြင့် တစ်ရက်ကို ၁၁ နာရီလောက် အလုပ်လုပ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

.

အသက် ၃၇ နှစ်အရွယ် မြန်မာလုပ်သား ကိုအောင်မင်းဦးဟာ နှစ်ရက်ဆက်တိုက် ၁၆ နာရီကနေ နာရီ ၂၀ အထိ အလုပ်လုပ်ခဲ့ရပြီး လပေါင်းများစွာ နားရက်မရရှိခဲ့ဘူးလို့ တောင်ကိုရီးယားရဲ့ ဂျောင်းယန်း ရှန်းမွန်း သတင်းစာမှာ ဖော်ပြထားပါတယ်။

.

ကိုအောင်မင်းဦးဟာ တောင်ပိုင်း ချုန်ချန်းပြည်နယ်၊ အာဆန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်းမှာ သယ်ယူပို့ဆောင်ရေး ပတ္တားကြိုးကို တစ်ယောက်ထဲ စစ်ဆေးနေချိန် ပိတ်မိခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့က သေဆုံး သွားခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ သယ်ယူပို့ဆောင်ရေး ပတ္တားကြိုးမှာ အရေးပေါ် ရပ်တန့်နိုင်တဲ့ ခလုတ် မပါခဲ့ဘူးလို့ ဆိုပါတယ်။

.

သူဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ပြုံတမ်းနဲ့ အိုဆောင်းကြားu ၄၆ ဒသမ ၄ ကီလိုမီတာ ရှည်လျားတဲ့ မြန်နှုန်းမြင့် မီးရထားလမ်းပိုင်း စီမံကိန်းတစ်ခုရဲ့ လက်ခွဲကန်ထရိုက်တာ LT Sambo မှာ အလုပ်လုပ်ကိုင် နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းဟာ Korea National Railway ရဲ့ တာဝန်ပေးချက်အရ SK Ecoplant က တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

.

ကိုရီယားအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (KCTU)၊ ဆေးဂျုန်း-ချုန်းနမ် ဌာနခွဲရဲ့ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အရာရှိ Ha Dong-hyun က အဲဒီလုပ်ငန်းခွင်မှာရှိတဲ့ ရွှေ့ပြောင်းလပ်သားတွေဟာ တစ်ပတ်ကို ၅၂ နာရီ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ချက်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေရတယ်လို့ ယူဆကြောင်း ပြောဆို ထားပါတယ်။

.

“အလုပ်ချိန် အများကြီး လုပ်ရတာဟာ သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်ပြီး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ အမှားအယွင်းတွေ ဖြစ်ဖို့ ပိုများပါတယ်” လို့ Ha Dong-hyun က ပြောပါတယ်။

.

လွှတ်တော်အမတ် Yoon က ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်းထားတဲ့ အစိုးရကော်မရှင်အဖွဲ့ဝင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်ချိန်၊ လုပ်ခလစာ၊ ဘေးအန္တရာယ်ကင်းရှင်‌ရေး သင်တန်းနဲ့ အန္တရာယ်ရှိတဲ့ အလုပ်တာဝန် ပေးအပ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။

.

SK Ecoplant တာဝန်ရှိသူတစ်ဦးကတော့ မူလ ကန်ထရိုက် အနေနဲ့ လက်ခွဲကန်ထရိုက် ကုမ္ပဏီတွေနဲ့ အလုပ်သမား တွေရဲ့ အလုပ်ချိန်၊ လစာ စီစဉ်ပေးမှု စတာတွေကို တိုက်ရိုက်ကြီးကြပ်ဖို့ အကန့်အသတ် ရှိနေပေမဲ့ ဥပဒေတွေကို လိုက်နာဖို့တော့ ဆက်ပြီး တိုက်တွန်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

.

ကုမ္ပဏီဘက်က ပြီးခဲ့တဲ့လက ကိုအောင်မင်းဦးရဲ့ မိသားစုကို တောင်းပန်ခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင် နေရတဲ့ လုပ်ငန်းခွင် အန္တရာယ်တွေကို လျှော့ချနိုင်မယ် အစီအမံတွေ ဆောင်ရွက်သွားဖို့ သဘောတူခဲ့တယ် လို့ ဆိုပါတယ်။

.

Source - The Korea Herald

.

No comments:

Post a Comment

Pages