.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ယမန်နေ့ ဩဂုတ်လ
၄ ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၄ ရက်၊ ည ၉ နာရီခန့်က တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊
နယ်မြေ(၁)၊ သရဖီလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ယင်းလမ်းမအတိုင်း
အနောက်ဘက်မှ အရှေ့ဘက်သို့ XINQI-125 အမျိုးအစား အနက်ရောင် နောက်တွဲဆိုင်ကယ်အား
တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်မောင်းနှင်သူမှာ ဝင်းဝင်းမာ
(ခ) ဝင်းမာ ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ
စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆ ရသော WY စာတမ်းပါ လိမ္မော်ရောင်
ဆေးပြား ၂၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ ဝင်းဝင်းမာ (ခ) ဝင်းမာ အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment