တောင်ကိုရီးယားရဲ့ နာမည်ကျော် ကေပေါ့ပ်အေဂျင်စီ ဖြစ်တဲ့ YG Entertainment ကတော့ ထိုင်းနိုင်ငံအတွင်းမှာ လာရောက်ပြီး ကေပေါ့ပ်အဖွဲ့ဝင် မျိုးဆက်သစ် အနုပညာရှင်တွေကို လာရောက် ရွေးချယ်မယ်လို့ အသိ ပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ BlackPink က လီဆာ၊ BABYMONSTER အဖွဲ့က ဖာရီတာ၊ ချီကီတာ တို့ရဲ့ ခြေရာကို နင်းနိုင်မယ့် မျိုးဆက်သစ် ကြယ်ပွင့် ရှာဖွေပွဲကို လာမယ့် နိုဝင်လဘာလ အတွင်း လူရွေးပွဲအဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
.
YG ရဲ့ထုတ်ပြန်ချက်အရ လူရွေးပွဲကို ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၇
ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း
မွေးဖွားသူတွေက ကျား/မ မရွေး၊ နိုင်ငံသား မရွေး
လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရတာပါ။
.
လျှောက်ထားသူတွေက သီချင်းဆိုခြင်း၊ ရက်ပ် ရွတ်ခြင်း၊ အက၊ ရုပ်ရည်နဲ့
အပြင်အဆင် ဒါမှမဟုတ် သရုပ်ဆောင်ခြင်း စတာတွေထဲကနေ အကျွမ်းကျင်ဆုံး အမျိုးအစား တစ်ခုကို
ရွေးချယ်ပြီး ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
.
အွန်လိုင်းကနေ ကြိုတင် လျှောက်ထားမှုတွေကိုတော့ စက်တင်ဘာ ၁ ရက်မှာ
စတင် ဖွင့်လှစ်မှာ ဖြစ်ပြီး လူရွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ YG
ရဲ့ တရားဝင်ဝက်ဆိုက်နဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ
ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီကနေ ပြောဆိုထားပါတယ်။
.
ထိုင်းနိုင်ငံက ကေပေါ့ပ်လောကမှာ အရေးပါတဲ့နေရာကနေ ပါဝင်နေပြီး BlackPink
နဲ့ BABYMONSTER အဖွဲ့ဝင် ထိုင်း အမျိုးသမီးတွေက
နိုင်ငံတကာမှာ အောင်မြင်မှု ရခဲ့ကြသလို ထိုင်းနိုင်ငံတွင်း ပရိသတ်တွေကိုပါ
စုစည်းနိုင်ခဲ့တာပါ။
.
ထိုင်းနိုင်ငံ အတွင်းမှာ ကျင်းပမယ့် လူရွေးပွဲက ကေပေါ့ပ်လောကမှာ
နေရာတစ်ခု ရဖို့ ဆန္ဒရှိနေသူတွေအတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်လာဖို့ရှိနေပြီး
ကျော်ကြားမှုနဲ့ ချမ်းသာမှုကို ရယူနိုင်မယ့် မျှော်လင့်ချက်ကိုလည်း
ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
.
လူရွေးပွဲလုပ်မယ့် YG Entertainment က
ကေပေါ့ပ်လောကရဲ့ ထိပ်တန်းအေဂျင်စီတွေထဲက တစ်ခုဖြစ်ပြီး BIGBANG ၊ 2NE1 ၊ BlackPink ၊ WINNER၊ iKON၊ TREASURE နဲ့
BABYMONSTER တို့လို ကမ္ဘာကျော် အဖွဲ့တွေကို မွေးထုတ်ပေးထားတာလည်း ဖြစ်ပါတယ်။
.
YG Entertainment ကတော့ “ကေပေါ့ပ်အပေါ်
စိတ်အားထက်သန်သူတွေနဲ့ အရည်အချင်း ရှိသူတွေရဲ့ လျှောက်ထားမှုတွေကို မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။
YG နဲ့အတူ အနာဂတ်အသစ် တစ်ခု ဖန်တီးချင်တဲ့ ထိုင်းနိုင်ငံနဲ့
ကမ္ဘာတစ်ဝန်းက အရည်အချင်းရှိသူတွေကို တွေ့ခွင့်ရမယ်လို့ ယုံကြည်ပါတယ်” လို့
ထုတ်ပြန်ခဲ့ပါတယ်။
.
Source – KhaoSad

No comments:
Post a Comment