.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင်
ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ညပိုင်းက ပါဝါအိတ်ဇော တပ်ဆင်ထားသည့် လိုင်စင်မဲ့ကားတစ်စီးကို
ဖမ်းဆီးခဲ့သည်ဟု သိရသည်။
.
.ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ပေါ်
ရပ်ကွက်များအတွင်း နယ်မြေ သတင်း စုံစမ်းနေစဉ် ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ည ၉ နာရီခွဲခန့်က
ရွှေတောင်ရပ်ကွက်၊ နဂါးပွက် ကျောင်းလမ်းမပေါ်တွင် အသံကျယ်လောင်စွာဖြင့် အိတ်ဇောဖွင့်
မောင်းနှင်လာသည့် 1997 Mark II အမျိုအစား အဖြူရောင်မော်တော်ယာဉ်
တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ယာဉ်မောင်းနှင်သူမှာ စိမ်းကိုကို
(ခ) ကိုစိမ်း ဆိုသူဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ်နှင့်ပတ်သက် သော
ပိုင်ဆိုင်မှုအထောက်အထား၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနမှ
ထုတ်ပေးထားသော စာရွက်စာတမ်းများအား စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းကိုယ်တိုင်မှ အဆိုပါ
မော်တော်ယာဉ်မှာ တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သက်သေများရှေ့တွင်
ပြောပြ အပ်ပေးသဖြင့် စိမ်းကိုကို(ခ)ကိုစိမ်း (ခ)စိမ်းကိုထံမှ ရှာဖွေပုံစံဖြင့်
ရေးသွင်းသိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“လိုင်စင်မဲ့ယာဉ် ဖမ်းမိတာ ဟုတ်ပါတယ်။ ပို့ကုန်သွင်းကုန်
ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ လိုင်စင်မဲ့ယာဉ် မောင်းနှင်သူ စိမ်းကိုကို
(ခ) ကိုစိမ်းကို တောင်ကြီးမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်
အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment