ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းခေါင်မြို့ရှိ Lotus ကုန်တိုက်အတွင်း ဖွင့်လှစ်ထားသော ရွှေဆိုင် တစ်ဆိုင် ကို ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးမှ ဝင်ရောက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ချင်းခေါင်မြို့နယ်ရှိ Lotus ကုန်တိုက်အတွင်း
ဖွင့်လှစ်ထားသည့် Yaowarat Krungthep Gold Shop ရွှေဆိုင်ကို
ယမန်နေ့ ညနေ ၄ နာရီခန့်က အမျိုးသား ၂ ဦးက သေနတ်ကိုင်ဆောင်၍ ဓားပြတိုက် ခဲ့ခြင်း
ဖြစ်ပြီး လုံခြုံရေးကင်မရာ မှတ်တမ်းများအရ ကျူးလွန်သူများသည် ဆိုင်အတွင်း
ဝင်ရောက်ပြီးနောက် သေနတ် ၁ ချက် ပစ်ဖောက်ကာ ရွှေထည်များကို အိတ်အတွင်း
ထည့်ယူခဲ့ပြီး အချိန် ၁ မိနစ်ခန့်အတွင်း ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း
ရဲတပ်ဖွဲ့က ဆိုသည်။
.
နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ ကျူးလွန်သူများသည်
မဲခေါင်မြစ်ကမ်းဘေးတွင် ဆိုင်ကယ်ကို စွန့်ပစ်ခဲ့ကြောင်း တွေ့ရှိရပြီး၊
လာအိုနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
.
ထိုင်းရဲတပ်ဖွဲ့က လာအိုအာဏာပိုင်များနှင့် ပူးပေါင်း၍ တရားခံများကို
လိုက်လံဖမ်းဆီးနေပြီး၊ ဆုံးရှုံးခဲ့သည့် ရွှေတန်ဖိုးကို
ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment