ကျောက်တလုံး - တောင်ကြီးလမ်း၌ ယာဉ်တိုက်မှု ဖြစ်၍ လူငယ် တစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, August 12, 2026

ကျောက်တလုံး - တောင်ကြီးလမ်း၌ ယာဉ်တိုက်မှု ဖြစ်၍ လူငယ် တစ်ဦး သေဆုံး


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာ၊ ကျောက်တလုံး-တောင်ကြီး သွား ကားလမ်း၌ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်၊ ညနေပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်၍ အမျိုးသားလူငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

တောင်ကြီးဘက်မှ မောင်းနှင်လာသော Revo အမျိုးအစား အနက်ရောင် မော်တော်ယာဉ်မှ မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခြင်း ဖြစ်ပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူ အမျိုးသားမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

“ ကားက အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောကို ရောက်ပြီး တိုက်မိတာ၊ ထွက်ပြေးသွားပါတယ်။ ဆိုင်ကယ်သမားက ဒဏ်ရာ ရလို့ ဆေးရုံပို့တာ လမ်းမှပဲ ဒဏ်ရာတွေကြောင့် ဆုံးသွားတာပါ။ ကားသမားကတော့ ထွက်ပြေးသွားတာ ခုထိတော့ မမိသေးဘူး။” ဟု ဖြစ်စဉ်အား သိရှိသူ တစ်ဦးက ပြောသည်။

.

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူမှာ တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာ နေ အသက် ၁၇ နှစ်အရွယ် ကိုသီဟနိုင် ဖြစ်သည်ဟုလည်း သိရသည်။

.

အဆိုပါ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ကိုသီဟနိုင် အား ဒဏ်ရာရ သေဆုံးစေခဲ့သူ ထွက်ပြေး မောင်းနှင်သွားသည့် ယာဉ်မောင်း (အမည်မသိ) အား ကျောက်တလုံးကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Pages