■ တောင်ကြီးတွင် ကားပစ္စည်းများ မကြာခဏ ဖြုတ်ခိုးခံနေရ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ လမ်းဘေးရပ်နားထားတဲ့ ကားတွေရဲ့ အစိတ်အပိုင်း ပစ္စည်းတွေ မကြာခဏ ဖြုတ် ခိုးခံနေရတယ်လို့ ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။
.
■ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် နေအိမ်မီးလောင်
.
အဲဒီ မီးလောင်မှု ဖြစ်ပွားတဲ့ နေအိမ်ဟာ အနှိပ်ခန်း ဖွင့်လှစ်ထားတဲ့
အိမ် ဖြစ်တယ်လို ဒေသခံတွေ က ပြောဆို ကြပေမဲ့
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ ကတော့ အနှိပ်ခန်း
ဖွင့်လှစ်ထားတာ မဟုတ်ကြောင်းနဲ့ အခုမှ အခန်း ပြင်ဆင်နေတဲ့ အနေအထားပဲ
ရှိသေးတဲ့အကြောင်း ပြောဆိုပါတယ်။
.
■ ဖိလစ်ပိုင်
ဒုသမ္မတ ဆာရာ ဒူတာတေး ဖမ်းဝရမ်း ထုတ်ခံရပြီး အာမခံဖြင့် ပြန်လွတ်
.
ဖိလစ်ပိုင် ဒုသမ္မတ ဆာရာဒူတာတေးဟာ သမ္မတ ဖာဒီနန် မားကိုစ် ဂျူနီယာ၊
သမ္မတကတော်နဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း မာတင် ရိုမူအယ်လ်ဒက်ဇ် တို့ကို ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ စွဲချက် ၃ ခုနဲ့ ဖမ်းဝရမ်း ထုတ်ခံရပြီးနောက်
စနေနေ့မှာ အာမခံပေးကာ ပြန်လွတ်လာပါတယ်။
.
No comments:
Post a Comment