မြဝတီကို ဂိုးပြတ် သွင်းပြီး အမှတ်ပြည့် ယူခဲ့တဲ့ ရှမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 5, 2026

မြဝတီကို ဂိုးပြတ် သွင်းပြီး အမှတ်ပြည့် ယူခဲ့တဲ့ ရှမ်း



M League ရဲ့ ပွဲစဉ်(၂) အဖြစ် မြဝတီအသင်းနဲ့ ရှမ်းယူနိုက်တက်တို့ ဒီနေ့ ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပြီး ရှမ်းအသင်းက ၄ ဂိုးပြတ် သွင်းယူပြီး ၃ မှတ်ပြည့် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

.

ပြီးခဲ့တဲ့ ပွဲစဉ်(၁)မှာ သရေ တစ်မှတ်သာ ယူနိုင်ခဲ့တဲ့ ရှမ်းအသင်းဟာ ဒီနေ့ပွဲမှာတော့ ပြတ်ပြတ်သားသား အနိုင်ယူ ပြခဲ့တာလည်း ဖြစ်ပါတယ်။

.

ချန်ပီယံရှမ်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ Edson Junior ကို ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကိုလည်း Edson ကပဲ ပွဲချိန် မိနစ် ၃၀ မှာ နန္ဒကျော်ရဲ့ ဒေါင့်ကန်ဘောကို အပိုင် အဆုံးသတ်ပေးခဲ့တာပါ။ ပထမပိုင်း ပြီးခါနီးမှာ ရှမ်းအသင်း ပြစ်ဒဏ်ဘော ရခဲ့ပြီး နန္ဒကျော် ဖရီးကစ် ကန်သွင်းရာမှာ မြဝတီဂိုးသမား ကောင်းထက်ကျော် ကာကွယ်ဖို့ ကြိုးစားရင်းကနေ လက်ထဲကနေ လျှံထွက်ပြီး ဂိုးဝင်သွားတာ ဖြစ်လို့ တတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

.

စတုတ္တမြောက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ ရဲရင့်အောင်က ပြစ်ဒဏ်ဘောကနေ လှလှပပ တိုက်ရိုက်ကန်သွင်း ပေးခဲ့တာ ဖြစ်ပြီး ပွဲ ပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်ဟာ မြဝတီအသင်းကို ၄ ဂိုး၊ ဂိုး မရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

.

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းအနေနဲ့ Asean Shopee Cup ပြည်ပပွဲစဉ် အဖြစ် လာအိုနိုင်ငံ ကလပ်အသင်း ဖြစ်တဲ့ Ezra FC နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages