.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ ၅ ရက်၊
ညပိုင်းက တရားမဝင် သယ်ဆောင်လာသည့် ကျွန်းပြတင်း၊ တံခါးချပ် ၃၀၀ ကျော်ကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၅ ရက်၊ ည ၁၀ နာရီခွဲ ခန့်က ဟိုပုံးမြို့နယ်၊
လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာအနီး၊ ပအိုဝ်းမတောင်ခြေ မြေသား
ကွင်းလမ်းတွင် လှည့်ကင်းဆောင်ရွက်နေစဉ် ဆီဆိုင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့
ယာဉ်မောင်း ရန်ပိုင်အောင် မောင်းနှင်ပြီး ငြိမ်းချမ်းအောင်နှင့် ကောင်းစစ်ဇော်တို့
လိုက်ပါစီးနင်းလာသည့် TOYOTA HIACE အမျိုးအစား
မီးခိုရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ယာဉ်ပေါ်၌ တရားမဝင်
သယ်ဆောင်လာသည့် ကျွန်းတံခါးချက်များအား စိစစ် တွေ့ရှိရ သဖြင့်
ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျွန်းတံခါးချပ်များအား ခွဲခြားတိုင်းထွာစစ်ဆေးခဲ့ရာ ကျွန်းပြတင်း
တံခါးရွက်ဆိုဒ်စုံ ၁၉၆ ချပ်၊ ကျွန်းလေကာပြတင်း ၁၄၅ ချပ်၊ စုစုပေါင်း ကျွန်းပြတင်း
တံခါးရွက်/လေကာ ပြတင်းဆိုဒ်စုံ ၃၄၁ ချပ်၊ အလေးချိန် ၃ ဒသမ ၂၂၈ တန်၊ တန်ဖိုး ၉၆၈၄ဝဝဝ
ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင် ကျွန်းတံခါးချပ်များ
သယ်ဆောင်လာသူ ရန်ပိုင်အောင်၊ ငြိမ်းချမ်းအောင်နှင့် ကောင်းစစ်ဇော် တို့ ၃ ဦးအား
ဟိုပုံးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment