.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှ အသက်
၂၀ အရွယ် လူငယ်တစ်ဦးသည် ၃ လကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံနေကြောင်း
သိရသည်။
.
.တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်နေ ခွန်လင်းထက်နိုင်
ဆိုသူသည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ထီဗွာရွာဘက်တွင် သူငယ်ချင်းဖြစ်သူနှင့်အတူ
ညစောင့်အလုပ် သွားရောက်လုပ်ကိုင်ခဲ့ပြီး ဇွန်လ ၅ ရက်နေ့ကတည်းက အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း
သိရဿည်။
.
“သူတို့ သူငယ်ချင်း ၆ ယောက်အိပ်တာ သူ့တစ်ယောက်ထဲ
ပျောက်သွားတာပါ။ ကျန်တဲ့သူတွေကို မေးကြည့်တော့ မနက်အစော သူငယ်ချင်းလာခေါ်လို့ ထွက်သွားတယ်
ပြေတာယ်။ နောက်တော့ မိန်းမ ခိုးပြေးသွားတာလိုလို၊ အလုပ်သွားလုပ်တာလိုလို ပြောတယ်။ တစ်လကျော်ကြာတော့
ရဲစခန်းမှာ အမှု သွားဖွင့်ပါတယ်” ဟု ပျောက်ဆုံးနေသူ လူငယ်၏ အစ်မဖြစ်သူက ပြောသည်။
.
လူငယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဩဂုတ်လ ၃ ရက်တွင်
တောင်ကြီးနယ်မြေရဲစခန်း၌ လူပျောက် အမှုဖွင့်တိုင်တန်းခဲ့ပြီး ယနေ့အချိန်ထိ ထူးခြားမှု
မရှိသေးကြောင်း ၎င်းထံက သိရသည်။
.
“ကျွန်မတို့က မောင်နှမ နှစ်ယောက်ထဲရှိတာပါ။ အမေလည်း
မောင်လေးစိတ်နဲ့ ငိုလိုက်၊ ရီလိုက်နဲ့ တော်တော် စိတ်ပူနေတာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းမှ
တာဝန်ရှိသူကလည်း “လူပျောက် အမှုဖွင့်ထား ပါတယ်။ စုံစမ်းရှာဖွေနေပါတယ်” ဟု အတည်ပြု ပြောဆိုခဲ့သည်။
ယင်း လူငယ် ခွန်လင်းထက်နိုင်အား တွေ့ရှိပါက ဖုန်းနံပါတ်
၀၉ ၆၇၈ ၁၉၁ ၃၂၁ သို့ ဆက်သွယ် အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
.

No comments:
Post a Comment