.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်
.
UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ အမေရိကန်၊
လော့စ်အိန်ဂျယ်လိစ်မှာ ပြုလုပ်တဲ့ UFC 331 ပြိုင်ပွဲမှာ
အရင်ချန်ပီယံဟောင်း ပန်တိုဂျာ ကို ဒိုင် အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး
ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။
.
.UFC 331 ၏ အဓိက ယှဉ်ပြိုင်ပွဲဖြစ်တဲ့ ဒီပြိုင်ပွဲမှာ
ပန်တိုဂျာဟာ ဗန်ကို ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့တာကို တွေ့မြင်ရပြီး
ဗန်ကလည်း မတ်တပ်ရပ်ပြီး လက်သီး တွဲဆိုင်းတွေကို အသုံးပြုခဲ့တာပါ။ ဗန်က ပန်တိုဂျာ
ကို ငါးချီမြောက်မှာ ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးစားခဲ့သေးပေမယ့် အလုပ်
မဖြစ်ခဲ့ပါဘူး။
.
ချန်ပီယံဟောင်း ပန်တိုဂျာကတော့ ဗန်နဲ့ ပထမဆုံး
ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရပြီး ချန်ပီယံ ခါးပတ်ကို လက်လွှတ်ပေးခဲ့ရတာ
ဖြစ်ပြီး အခု ဒုတိယအကြိမ် ဖြစ်တဲ့ မကြေပွဲမှာလည်း ဗန်ရဲ့ အရှိန်အဟုန်နဲ့
တိုက်စစ်ဆင်ခဲ့မှု အောက်မှာ ဒိုင်လူကြီးတွေရဲ့ အမှတ်ပေး ဆုံးဖြတ်ချက်နဲ့ ရှုံးပွဲ
ထပ်တွေ့ခဲ့တာပါ။
.
မြန်မာပြည်နွယ်ဖွား ချင်းတိုင်းရင်းသား ရှုဝါဗန်ဟာ UFC
သမိုင်းတလျှောက် ဒုတိယ အသက်အငယ်ဆုံး ချန်ပီယံလည်း ဖြစ်၊ အာရှရဲ့ ပထမဆုံး
အမျိုးသားချန်ပီယံလည်း ဖြစ်တယ်ဆိုတာကို ထပ်ပြီး သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။
.

No comments:
Post a Comment