ကျောက်တုံးပြိုကျမှု ဖြစ်ပွားခဲ့သည့် တောင်ကြီး ‌တောင်ပေါ်ကို ပညာရှင်များပါဝင်သော အဖွဲ့ဖြင့် စစ်ဆေးသွားမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, September 20, 2026

ကျောက်တုံးပြိုကျမှု ဖြစ်ပွားခဲ့သည့် တောင်ကြီး ‌တောင်ပေါ်ကို ပညာရှင်များပါဝင်သော အဖွဲ့ဖြင့် စစ်ဆေးသွားမည်

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

.

တောင်ကြီးမြို၊ သစ်တောရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံးအနီးသို့ ပြိုကျခဲ့သည့် ကျောက်တုံး တည်ရှိရာ တောင်ကုန်းနေရာကို ဘူမိဗေဒ ပညာရှင်များ ပါဝင်သော အဖွဲဖြင့် ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

.

“ဒီနေ့ နေပြည်တော် သတ္တုတွင်းကနေ လေ့လာဆန်းစစ်မယ့် အဖွဲ့တစ်ဖွဲ့ တောင်ကြီးကို လာပါမယ်။ အဲဒီ အဖွဲ့ရောက်ရင်တော့ တောင်ပေါ်တက်ကြည့်ပြီး နောက်ထပ်အန္တရာယ်ရှိ/မရှိ ဆန်းစစ်မှာပေါ့။ အဲဒီအဖွဲ့ ရောက်ရင်တော့ ‌တောင်ကြီးမှာရှိတဲ့ သတ္တုတွင်းဦးစီးဌာန အဖွဲ့နဲ့ ပေါင်းပြီးတော့ စိစစ်သွားမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်၊ ည ၁၀ နာရီခွဲ ခန့်က ပြည်နယ်သတ္တုတွင်း ဦးစီးဌာနရုံး၏ နောက်ကျော ဘက်ရှိ တောင်ကြီးတောင်ပေါ်မှ လုံးပတ် ခန့်မှန်း ပေ ၅၀ ခန့်၊ တန် ၁၀၀ ခန့် အရွယ်အစားရှိ ကျောက်တုံး လိမ့်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“နောက်ထပ် ပြိုကျနိုင်တဲ့ အန္တရာယ် ရှိ/မရှိ ဆန်းစစ်ဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားတာ ရှိပါတယ်။ လတ်တလော ထပ်ပြိုကျနိုင်တဲ့အန္တရာယ် ရှိ/မရှိ ဆိုတာကတော့ အောက်ကနေကြည့်ဖို့ ခဲယဉ်းတာပေါ့။ အပေါ်တက်ကြည့်မှ ရမှာပါ။ မီးသတ်တို့၊ သတ္တုတွင်းတို့ကတော့ တက်ကြည့်တယ်လို့ သိရပါတယ်” ဟု အဆိုပါ ဝာဝန်ရှိသူက ပြောသည်။

.

ကျောက်တုံးပြိုကျမှုကြောင့် ပြည်နယ်သတ္တုတွင်းရုံး အဆောက်အဦ ဝင်းအတွင်းရှိ ၁ ထပ် အဆောက်အုံ တစ်လုံး အပြင် ယင်းရုံးဝင်းအတွင်း ရပ်တန့်ထားသည့် Nissan Xtrail အမျိုးအစား ခဲရောင်မော်တော်ယာဉ် တစ်စီးနှင့် Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုတ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးတွင်လည်း ယင်းနေရာ အနီး၌ တောင်ကြီးတောင်ပေါ်မှ ကျောက်တုံး ပြိုကျမှု ဖြစ်ပွားခဲ့သေးသည်။

.

 

No comments:

Post a Comment

Pages