အေးသာယာတွင် မူးယစ်မှုဖြင့် ဖမ်းဆီးထားသူအား စစ်ဆေးရာမှ ခိုးမှုများ ထပ်မံပေါ်ပေါက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, September 3, 2026

အေးသာယာတွင် မူးယစ်မှုဖြင့် ဖမ်းဆီးထားသူအား စစ်ဆေးရာမှ ခိုးမှုများ ထပ်မံပေါ်ပေါက်

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသူကို စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း ခိုးယူမှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

.

.

အေးသာယာနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၈ ရက်၊ ည ၈ နာရီခွဲ ခန့်က မူးယစ်ဆေးဝါး သတင်းအရ အေးသာယာမြို့၊ ရပ်ကွက် (၄)၊ နယ်မြေ (၂) ရှိ တည်းခိုခန်းတစ်ခုရှိ အခန်း တွင်းသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအခန်းအတွင်း ငှားရမ်းနေထိုင်သူ ပြည့်ဖြိုးမောင် (ခ) ကိုပြည့် ဆိုသူအား တွေ့ရပြီး ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား၊ တန်ဖိုးငွေ ၂၅၀၀၀၀ ကျပ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ပြည့်ဖြိုးမောင် (ခ) ကိုပြည့်အား အေးသာယာ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

ဆက်လက်ပြီး ဖမ်းဆီးရမိသူ ပြည့်ဖြိုးမောင် (ခ) ကိုပြည့် အား စစ်ဆေးမေးမြန်းချက်အရ အေးသာယာမြို့၊ ရပ်ကွက် (၂)၊ နယ်မြေ(၄) ရှိ နေအိမ်အဆောက်အဦ (၁)လုံးအတွင်းမှ iPhone 8 Plus အနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG Galaxy A12 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG Galaxy A04S အမျိုးအစား နက်/ပြာရောင် လက်ကိုင်ဖုန်း ၁ လုံး၊ Redmi Note 8 အမျိုးအစား အပြာရောင် လက်ကိုင်ဖုန်း ၁ လုံး၊ စုစုပေါင်းလက်ကိုင်ဖုန်း ၄ လုံး၊ ကာလ တန်ဖိုးစုစုပေါင်း ၈၃၀၀၀၀ ကျပ် ခန့်အား ခိုးယူခဲ့ပြီး ၎င်းနေထိုင်သည့် ရပ်ကွက်(၂)ရှိ နတ်စင်အနီး တွင် ဝှက်သိမ်းထားခဲ့ကြောင်း သိရှိခဲ့ရသဖြင့် သက်သေ များနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး လက်ကိုင်ဖုန်း ၄ လုံး ခိုးယူသူ ပြည့်ဖြိုးမောင် (ခ) ကိုပြည့် အား အေးသာယာနယ်မြေရဲစခန်း (ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ထပ်မံစစ်ဆေးချက်အရ ဖမ်းဆီးရမိသူ ပြည့်ဖြိုးမောင် (ခ) ကိုပြည့်သည့် ဩဂုတ်လ ၆ ရက်က အေးသာယာမြို့၊ ရပ်ကွက် (၁) ရှိ နေအိမ် အဆောက်အဦတစ်ခု အတွင်းမှ Yun-125 အမျိုးအစား အနီရောင် မော်တော်ဆိုင်ကယ် တစ်စီးအား တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ မင်းထက်အောင် ဆိုသူနှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

.

အဆိုပါ ခိုးယူမှုမှ မော်တော်ဆိုင်ကယ် ခိုးယူခဲ့သူ ပြည့်ဖြိုးမောင် (ခ) ကိုပြည့် နှင့် မင်းထက်အောင်တို့ ၂ ဦး အား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၁၁၄ (ဆိုင်ကယ်) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages