အမေရိကန်-အီရန် တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲပြန်ဖြစ်လာမယ့် စိုးရိမ်မှု မြင့်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, September 3, 2026

အမေရိကန်-အီရန် တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲပြန်ဖြစ်လာမယ့် စိုးရိမ်မှု မြင့်တက်

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

.

အမေရိကန်နဲ့ အီရန်တို့အကြား ပစ်ခတ်မှုတွေပြန်လည် ဖြစ်ပွားလာတာကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲ ပြန်လည်ပြင်းထန်လာမယ့် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

.

.

အမေရိကန်က အီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ရေဒါ တွေ၊ ရေကြောင်းဆိုင်ရာ စစ်ရေးပစ္စည်းတွေ၊ ဆက်သွယ်ရေးစခန်းတွေနဲ့ ရေမြှုပ်မိုင်းချနိုင်တဲ့ စွမ်းရည်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

.

အီရန်ကလည်း ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်နဲ့ အီရတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်အရာရှိ တွေက ကနဦးစစ်ဆေးချက်အရ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ပြောပါတယ်။

.

အီရန်ဘက်ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် တောင်ပိုင်း ဆီရစ်ခ်ဒေသမှာ မင်္ဂလာပွဲကျင်း ပနေတဲ့ အိမ်တစ်အိမ် ထိမှန်ခဲ့ပြီး အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးကာ လူ ၆၈ ဦးအထိ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

.

နောက်ပိုင်းမှာ အီရန်ကျန်းမာရေးဝန်ကြီးက အမေရိကန်ရဲ့ နောက်ဆုံးတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း လူ ၁၈ ဦးသေဆုံးပြီး ၁၀၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲနေရာ ထိမှန်ခဲ့တဲ့ ဖြစ်စဉ် ကိုတော့ Reuters က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

.

တစ်ဖက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို အလွန်ပြင်းထန်စွာ တိုက်ခိုက်ခဲ့တယ်လို့ ပြော လိုက်သလို လိုအပ်ရင်လည်း နောက်ထပ်တိုက်ခိုက်မှုတွေကို အချိန်မရွေး ပြုလုပ်နိုင်တယ်လို့ သတိပေးထား ပါတယ်။

.

အီရန်ကလည်း အမေရိကန်တပ်ဖွဲ့တွေကို အရှေ့အလယ်ပိုင်းက စစ်အခြေစိုက်စခန်းတွေကနေ ထွက်ခွာ သွားအောင် တွန်းအားပေးမယ်လို့ ပြောပြီး အမေရိကန်နဲ့ ပူးပေါင်းတဲ့ နိုင်ငံတွေဟာလည်း ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။

.

ဒီတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားအခြေအနေကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

.

အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ရေနံတင်သင်္ဘော ၂ စင်းဟာ ရေမြှုပ်မိုင်းတွေကြောင့် ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာ အီရန်ဟာ ခွင့်ပြုချက်မရှိဘဲ ရေလက်ကြားကို ဖြတ်သန်း မယ့် သင်္ဘောတွေကို အရေးယူနိုင်ဖို့ အမည်ပျက်စာရင်းထဲ ထည့်ထားတဲ့ သင်္ဘောအရေ အတွက်ကို ၅၆ စင်းအထိ တိုးမြှင့်ထားပါတယ်။

.

အမေရိကန်ဘက်ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုတွေရှိနေပေမယ့် သင်္ဘောတွေကို ဟော်မုဇ် ရေလက်ကြား ကနေ ဆက်လက်ဖြတ်သန်းနိုင်အောင် လမ်းညွှန်ပေးနေတယ်လို့ ပြောပါတယ်။ အမေရိကန်စွမ်းအင်ဝန်ကြီး ကလည်း တနင်္လာနေ့မှာ ရေနံစည်ပေါင်း ၁၇ သန်းကျော် ရေလက်ကြား ကနေ ထွက်ခွာခဲ့တယ်လို့ ပြော ပါတယ်။

.

အခုလို တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာဟာ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ အမေရိကန်-အီရန် စစ်ပွဲကို ပိုမိုရှည်ကြာပြီး ပြင်းထန်လာစေနိုင်ပါတယ်။ အီရန်ပြည်သူတွေကလည်း အမေရိကန်ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲကြီး ပြန်လည် စတင်လာမှာကို စိုးရိမ်နေကြပါတယ်။

.

အမေရိကန်အနေနဲ့ အီရန်ရဲ့ သမားရိုးကျ စစ်ရေးစွမ်းရည်တွေကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင် ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပေမဲ့ ထရမ့်ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ် အဆုံးသတ်ရေးနဲ့ အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နိုင်စွမ်း လျှော့ချရေးတို့ကိုတော့ အပြည့်အဝ အောင်မြင်သေးခြင်း မရှိပါဘူး။

.

တစ်ဖက်မှာလည်း နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် စစ်ပွဲကြောင့် နိုင်ငံရေးအရ ထိခိုက်မှု မဖြစ်စေဖို့ ထရမ့်ရဲ့ အကြံပေးတွေက စစ်ပွဲကို တတ်နိုင်သမျှ ထိန်းထားဖို့ ကြိုးစားနေတယ်လို့ Reuters သတင်းရင်းမြစ်တွေက ပြောပါတယ်။

.

စစ်တမ်းတွေအရလည်း အမေရိကန်ပြည်သူတွေဟာ လက်ရှိစစ်ပွဲကို ထောက်ခံသူထက် ဆန့်ကျင်သူက နှစ်ဆကျော် ပိုများနေပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages