မြန်မာ့လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်တယ်လို့ နန္ဒကျော် က ယမန်နေ့ စက်တင်ဘာလ ၂ ရက်မှာ သူ့ရဲ့ လူမှုကွန်ကနေ တဆင့် ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။
.
ပြည်တွင်း
M League ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့
နန္ဒကျော်ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာလည်း အားထားရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
.
နန္ဒကျော်ဟာ
သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ကစားလာသူ ဖြစ်ပြီး U
20 ကမ္ဘာ့ဖလားမှာ ပရိသတ်က စတင် သိရှိပြီးတော့ အားပေးဝန်းရံသူတွေ စတင် များပြားလာတာပါ။
.
နိုင်ငံကို
ကိုယ်စားပြုပြီး ကစားခွင့် ရခဲ့တာဟာ သူ့ဘဝအတွက် အကြီးမားဆုံး ဂုဏ်ယူစရာ အမှတ်တရ တစ်ခု
ဖြစ်ခဲ့ကြောင်းနဲ့ ခါးဒဏ်ရာအခြေအနေ အပြည့်အဝ မသက်သာသေးတာ၊ မိသားစုအတွက် အချိန် ပို ပေးလိုတာနဲ့ လူငယ်ကစားသမားတွေကို
ပိုမို အခွင့်အရေး ပေးလိုတာတွေကြောင့် နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကနေ
အနားယူဖို့ ဆုံးဖြတ်လိုက်တာလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
.
“ ဆယ်နှစ်ကျော် ကြာတဲ့ ဒီခရီးစဉ် တစ်လျှောက် ကျွန်တော့်ဘေးမှာ
ရပ်တည်ပေးခဲ့ကြတဲ့ ဆရာသမားများ၊ အသင်းဖော်များနဲ့ အထူးသဖြင့် ကောင်းတဲ့အချိန်၊
ခက်ခဲတဲ့အချိန်တိုင်း မပြောင်းလဲဘဲ အားပေး ယုံကြည်ပေးခဲ့ကြတဲ့
ပရိသတ်များအားလုံးကို နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီအထိ
ရောက်လာနိုင်ခဲ့တာ အားလုံးရဲ့ မေတ္တာနဲ့ အားပေးမှုတွေကြောင့်လည်း ဖြစ်ပါတယ်။”
လို့ နန္ဒကျော်က ဆိုပါတယ်။
.
နန္ဒကျော်
အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းကနေ အနားယူပြီလို့ ပြောဆိုခဲ့ပေမယ့် သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့
ရှမ်းအသင်းကနေပြီးတော့ အနားယူ/မယူကိုတော့ ထည့်သွင်းရေးထားတာ မရှိတဲ့အတွက် ရှမ်းယူနိုက်တက်ရဲ့
ကပ်ပတိန်အနေနဲ့ ဆက်ရှိနေမယ်လို့ ယူဆရပါတယ်။
.
ပြီးခဲ့တဲ့
ရန်ကုန်စီးတီးနဲ့ ရှမ်းယူနိုက်တက်တို့ရဲ့ M League ပွဲစဉ်(၁) အပြီး မီဒီယာအင်တာဗျူးမှာ
ရှမ်း နည်းပြချုပ် ဦးအောင်ခိုင်နဲ့
အသင်းခေါင်းဆောင် နန္ဒကျော် တို့ဟာ ဒိုင်လူကြီးတွေအပေါ်
ဝေဖန်ပြောဆိုခဲ့တဲ့ဆိုပြီးတော့ MFF ရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီ ဒဏ်ကြေးငွေ ၇ သိန်းကျပ်စီ ပေးဆောင်ဖို့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီးတဲ့နောက် အခုလို နန္ဒကျော်ရဲ့
အနားယူကြောင်း ကြေညာချက်ဟာ တိုက်ဆိုင်မှု တစ်ခုလား ဆိုတာကတော့။ ။
.

No comments:
Post a Comment