.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ဩဂုတ်လ ၃၀ ရက်က လေဖြန်းနေသော အစ်မဖြစ်သူကို မောင်က ထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ ထွန်းထွန်းဦး
(ခ) ဖိုးလင်း သည် ဩဂုတ်လ ၃၀ ရက်၊ ည ၉ နာရီခန့်က နေအိမ်သို့ ပြန်လာပြီး အတူနေ အစ်မဖြစ်သူ
လေဖြန်းနေသူ ဒေါ်ချိုချိုမြင့်နှင့် စကားများ ရန်ဖြစ်ပြီး ထွန်းထွန်းဦးက အစ်မဖြစ်သူအား
မျက်နှာနှင့် ရင်ဘတ်တို့တွင် လက်သီးဖြင့် ထိုးခြင်း၊ ကျောပြင် အား ပန်းရံ
လုပ်ရာတွင် အသုံးပြုသည့် သံလျက် ဖြင့် ရိုက်နှက် ခြင်းများ ပြုလုပ်ခဲ့သဖြင့်
ဒေါ်ချိုချိုမြင့် တွင် မျက်နှာ၊ ရင်ဘတ်၊ ကျောတို့တွင် ညိုမဲ ဒဏ်ရာများရရှိကာ ဩဂုတ်လ
၃၁ ရက်၊ ညနေပိုင်းတွင် ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဩဂုတ်လ ၂၇ ရက်ကတည်းက ပထမတစ်ကြိမ် ဖြစ်ပြီးပြီလို့
သိရတယ်။ ၃၀ ရက်နေ့မှာ နောက်တစ်ခေါက် ထပ်ရိုက်လို့ ရရှိဒဏ်ရာနဲ့ ရက်ကြာမှ ဆုံးတာပါ။
မနေ့ (စက်တင်ဘာ ၂ ရက်) က အောင်ပန်း မင်းဂူသုသာန် မှာ သင်္ဂြိုဟ်ပါတယ်” ဟု ဒေသခံတစ်ဦးက
ပြောသည်။
.
ယင်းကဲ့သို့ အစ်မဖြစ်သူအား အသက်သေဆုံးအောင် ထိုးကြိတ်
ရိုက်နှက်ခဲ့သူ ထွန်းထွန်းဦး (ခ) ဖိုးလင်း အား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ
၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment