.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ
အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာသင်ကြား နေသည့် ကျောင်းသားလူငယ်များအနေဖြင့်
မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ရာတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုများ ရှိနေသည့်အတွက်
အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။
.
.ကျောင်းသားလူငယ်များသည် ကျောင်းတက်/ကျောင်းဆင်းချိန်များတွင်
မော်တော်ဆိုင်ကယ် စီးနင်း မောင်းနှင်ကြရာ၌ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊
အသက်ကယ်ဦးထုပ် မဆောင်းခြင်းတို့ ကြောင့် ယာဉ်တိုက်မှုအန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့
ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“အဓိက ကတော့ ကျောင်းဆင်းချိန်တွေမှာပေါ့။ ဆိုင်ကယ်တစ်စီးကို
၃ ယောက်လောက်စီးပြီး အရှိန် ပြင်းပြင်းနဲ့ မောင်းတတ်ကြတယ်။ ဦးထုပ်လည်း မဆောင်းကြဘူး။
တစ်ခုခုဖြစ်တာနဲ့ ဆိုင်ကယ် သမားတွေက ထိခိုက်တာများတော့ ကျောင်းသားတွေအနေနဲ့ ဆင်ခြင်သင့်သလို
မိဘအပါအဝင် သက်ဆိုင်ရာကလည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်” ဟု တောင်ကြီးမြို့နေ
ဒေသခံတစ်ဦးက ပြောသည်။
.
အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့်
ကျောင်းသားလူငယ်အများစုသည် မော်တော်ဆိုင်ကယ်ကို စီးနင်းအသုံးပြုနေကြသော်လည်း ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းများကို သိရှိ လိုက်နာမှု အားနည်းနေသသည်ဟု သိရသည်။
.
“အမျိုးသားစည်းကမ်းအ စစာသင်ကျောင်းကလို့
ဆိုထားတယ်။ စာသင်ကျောင်းမှာရှိတဲ့ ကလေးတွေ စည်းကမ်းရှိဖို့တော့ လိုတာပေါ့။ ကျောင်းရယ်၊
မိဘတွေရယ်၊ သက်ဆိုင်ရာ ပူးပေါင်းပြီး အခြေခံကျတဲ့ စည်းကမ်းတွေကို အသိပညာပေးတာတွေ
လုပ်သင့်ပါတယ်” ဟု အခြားဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျောင်းသားကျောင်းသူများအနေဖြင့် မော်တော်ဆိုင်ကယ်
စီးနင်းမောင်းနှင်ချိန်များတွင် သတ်မှတ် အမြန်နှုန်း ဖြင့်သာ မောင်းနှင်ကြရန်နှင့်
အသက်ကယ်ဦးထုပ်များ အသုံးပြုကြရန် လိုအပ်ပြီး သတ်မှတ်ထားသည့် ယာဉ်စည်း၊ ကမ်းလမ်းစည်းကမ်းများကို
လိုက်နာရန် လိုအပ်နေကြောင်း ဒေသခံများ ထံက သိရသည်။
.

No comments:
Post a Comment