စက်သုံးဆီအမျိုးအစားအားလုံး ဈေးနှုန်း တည်ငြိမ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, September 4, 2026

စက်သုံးဆီအမျိုးအစားအားလုံး ဈေးနှုန်း တည်ငြိမ်နေ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

.

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစာရင်းတွင် စက်သုံးဆီအမျိုးအစားအားလုံး ယခင်အပတ်အတိုင်း ဈေးနှုန်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။

.

.

တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၃၈၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၃၈၇၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၄၃၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၂၉၅ ကျပ်ဖြင့် ယခင်ရက်သတ္တပတ် ရည်ညွှန်းဈေးအတိုင်း မပြောင်းမလဲ တည်ငြိမ်နေခြင်းဖြစ်သည်။

.

ရည်ညွှန်းဈေးနှုန်း ပြောင်းလဲခြင်း မရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် ဓါတ်ဆီ တစ်လီတာလျှင် အနည်းဆုံး ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ရောင်းချနေကြပြီး နေရာဒေသအပေါ် မူတည်၍ ဈေးနှုန်း ကွာခြားကြောင်း သိရသည်။

.

No comments:

Post a Comment

Pages