.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
.
ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ်
အခွန်ကင်းလွတ်ခွင့်များကို စက်တင်ဘာ လကုန်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
.စိုက်ပျိုးရေးထုတ်လုပ်မှု
ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့်
အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ယင်းကဲ့သို့
အခွန် ကင်းလွတ်ခွင့်ကို တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့်
ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှု စရိတ်
လျော့ကျစေရန် ရည်ရွယ်၍ စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့်
ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေသည့် အခြေအနေတွင်
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် ဓာတ်အားခသက်သာစေရေး အတွက် LNG
တင်သွင်းမှုအပေါ် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်
ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့် များကိုလည်း စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း
သိရသည်။
.
အလားတူ အခြေခံစားသောက်ကုန်နှင့်
ကုန်စည်ဈေးနှုန်းများ တည်ငြိမ်စေရန် ရည်ရွယ်၍ ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်
ကြိုတင် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်များကိုလည်း စက်တင်ဘာ ၃၀
ရက်အထိ ဆက်လက် သက်တမ်းတိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခွန်ကင်းလွတ်ခွင့်များသည် ၂၀၂၆ ခုနှစ်
စက်တင်ဘာ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကျုံးဝင်မည် ဖြစ်ကြောင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.

No comments:
Post a Comment