.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်
.
အမေရိကန်ရေတပ်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ Carrier Strike Group 3
ရေတပ်ဖွဲ့ဟာ စက်တင်ဘာ ၂ ရက် ဒီနေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာပါတယ်။
.
.
USS Abraham Lincoln လေယာဉ်တင်သင်္ဘောဟာ
လမ်ချာဘန်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီး အတူ လိုက်ပါ လာတဲ့ စစ်သင်္ဘော ၂ စင်းကတော့
စီရာချာနဲ့ မက်တာဖတ် ဆိပ်ကမ်းတွေမှာ သီးခြားစီ ဆိုက်ကပ်ခဲ့ပါတယ်။
.
ဒီရေတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ
စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အပြည့်အဝ
ဆိပ်ကမ်းဝင်ရောက်အနားယူတာဖြစ်ပြီး စုစုပေါင်း ရက်ပေါင်း ၂၈၆ ရက် ပင်လယ်ပြင်မှာ
ဖြတ်သန်း ခဲ့ပါတယ်။
.
အဲဒီကာလအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ ၇ လနီးပါး
တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအတွက် တိုက်ခိုက်ရေးတာဝန်တွေ
ထမ်းဆောင်ခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။
.
Carrier Strike Group 3 ရဲ့ တပ်မှူး Rear
Adm ရောဘတ်အီးလော့ဂရန် ကတော့ ထိုင်းနိုင်ငံကို ရောက်ရှိ လာတာဟာ
ရေတပ်သားတွေနဲ့ မရိန်းတပ်ဖွဲ့ဝင်တွေ အနားယူပြီး အားပြန်ဖြည့်နိုင်ဖို့
အခွင့်အရေးကောင်း တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
.
ဒါ့အပြင် အမေရိကန်နဲ့ ထိုင်းနိုင်ငံကြား
ရေရှည်ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ မဟာမိတ် ဆက်ဆံရေး ကိုလည်း ဒီခရီးစဉ်က
ထပ်မံဖော်ပြနေတယ်လို့ ဆိုပါတယ်။
.
USS Abraham Lincoln တပ်မှူး Captain ဒန် ကီလာ ကလည်း ထိုင်းနိုင်ငံဟာ လက်ရှိ စစ်ဆင်ရေး ခရီးစဉ် အတွင်း ပထမဆုံး
ဝင်ရောက်တဲ့ ဆိပ်ကမ်းဖြစ်တယ်လို့ ပြောပါတယ်။
.
ဒီခရီးစဉ်ကနေ အမေရိကန်နဲ့ ထိုင်း
နှစ်နိုင်ငံအကြား နားလည်မှု ပိုမိုတိုးမြှင့်နိုင်မယ့်အပြင် ဒေသတွင်း လုံခြုံရေး အတွက်
နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်မယ်လို့လည်း သူက ပြောပါတယ်။
.
အမေရိကန်သံရုံးရဲ့ အဆိုအရ အမေရိကန်နဲ့
ထိုင်းနိုင်ငံတို့ဟာ ၁၈၃၃ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ မိတ်ဖက် ကုန်သွယ်ရေး သဘောတူစာချုပ်ကနေ
စတင်ပြီး ဆက်ဆံရေးသက်တမ်း ၁၉၃ နှစ်ရှိပြီဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံဟာ
အရှေ့တောင်အာရှကုန်းတွင်းပိုင်းမှာ အမေရိကန်ရဲ့ တစ်ခုတည်းသော စာချုပ်အရ မဟာမိတ် နိုင်ငံလည်း
ဖြစ်ပါတယ်။
.
နှစ်နိုင်ငံကြား
ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေ၊ Cobra Gold လို
နိုင်ငံပေါင်းစုံ စစ်ရေးလေ့ ကျင့်မှု တွေနဲ့ ပုံမှန်ဆိပ်ကမ်းဝင်ရောက်မှုတွေဟာ
ဒေသတွင်းလုံခြုံရေးကို အထောက်အကူပြုနေတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။
.
အခု ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ USS
Abraham Lincoln ရေတပ်ဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ သမိုင်းဝင် စစ်ဆင်ရေးတွေ
လုပ်ဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ကျွမ်းကျင်မှုနဲ့
ပရော်ဖက်ရှင်နယ် ဆန်မှုကိုလည်း တပ်မှူး လော့ဂရန် က ချီးကျူးပြောဆိုခဲ့ပါတယ်။
.
Ref – The Nation
.

No comments:
Post a Comment