ဂျပန်ကုမ္ပဏီတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ တရုတ် AI Artex အသုံးပြုခဲ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, October 21, 2026

ဂျပန်ကုမ္ပဏီတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ တရုတ် AI Artex အသုံးပြုခဲ့

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

.

တရုတ်နိုင်ငံက AI ဆိုက်ဘာလုံခြုံရေးကိရိယာတစ်ခုဖြစ်တဲ့ Artex ကို ဂျပန်ကုမ္ပဏီတွေကို မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့တယ်လို့ တိုကျိုအခြေစိုက် အင်တာနက်ကုမ္ပဏီကြီး GMO Internet Group ရဲ့ လုံခြုံရေးဌာနခွဲက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။

.

.

မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း စားသောက်ဆိုင်လုပ်ငန်းတွေကနေ ကားငှားလုပ်ငန်းတွေ အထိ ဂျပန်ကုမ္ပဏီ ဒါဇင်နဲ့ချီဟာ ခွင့်ပြုချက်မရှိဘဲ စနစ်ထဲဝင်ရောက်ခံရတာနဲ့ အချက်အလက်ပေါက် ကြားမှုတွေ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ဖောက်သည်သန်းနဲ့ချီ ထိခိုက်နိုင်ပါတယ်။

.

GMO Internet Group ရဲ့ သတင်းအချက်အလက်လုံခြုံရေးဌာနက ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစစ်ဆေး ပြီးနောက် အဲဒီတိုက်ခိုက်မှုတွေမှာ Artex အသုံးပြုခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှု တွေဟာ ဂျပန်နိုင်ငံကို အဓိကထားပြီး လုပ်ဆောင်ခဲ့တာလည်း တွေ့ရတယ်လို့ GMO ရဲ့ ဒိုင်ကီ ဖူကူမိုရီက ကုမ္ပဏီဘလော့ဂ်မှာ ရေးထားပါတယ်။

.

Artex ကို အဖွဲ့အစည်းတွေရဲ့ ဆိုက်ဘာကာကွယ်ရေး ပိုမိုကောင်းမွန်စေဖို့ AI အသုံးပြုပြီး လုံခြုံရေး စစ်ဆေး မှုတွေ လုပ်ဆောင်ကာ စနစ်တွေရဲ့ အားနည်းချက်တွေကိုရှာဖွေပေးဖို့ ဖန်တီးထားတာဖြစ်တယ်လို့ ထုတ်လုပ် သူက ပြောထားပါတယ်။

.

ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံက ငွေကြေးအဖွဲ့အစည်းတွေကို ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှု အချို့မှာ Artex အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ပြီးနောက် ဒီလအတွင်းမှာ Artex ရဲ့ အရင်းအမြစ်ကုဒ်ကို ပရိုဂရမ် ရေးသား သူတွေ ဝင်ရောက်အသုံးပြုနိုင်ခြင်း မရှိအောင် ပိတ်ထားခဲ့ပါတယ်။ဒါအပြင် မသမာသူတွေက အလွဲသုံးစား လုပ်နေတယ်လို့ အသိအမှတ်ပြုခဲ့ပြီး ဒီပရောဂျက်ကို ဆက်လက် မွမ်းမံတော့မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ပါတယ်။

,

GMO ရဲ့ ဖူကူမိုရီက AI အသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အင်တာနက်ဆာဗာ ၆ ခုကို သူတို့ ဘက်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီဆာဗာတွေကို ဘဏ္ဍာရေး၊ အွန်လိုင်း စီးပွားရေး နဲ့ ပို့ဆောင်ရေး စတဲ့ လုပ်ငန်းကဏ္ဍတွေအလိုက် အကြမ်းဖျင်းခွဲခြားထားပေမယ့် ဆာဗာတွေ ဘယ်နေရာမှာ ရှိသလဲ၊ ဘယ်သူတွေ အသုံးပြုနေသလဲဆိုတာကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။

.

နောက်ထပ် ထိခိုက်မှုတွေ မဖြစ်အောင် ဒီအချက်အလက်တွေကို ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေဆီ မျှဝေ ပေးထားတယ်လို့ GMO က ပြောပါတယ်။

.

ဂျပန်အစိုးရကလည်း ကုမ္ပဏီတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ ဒီလအတွင်း အာဏာရပါတီရဲ့ ဆိုက်ဘာလုံခြုံရေးကော်မတီ အကြီးအကဲက လည်း ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုတွေကြောင့် “အရေးပေါ်အခြေအနေ” ရောက်နေပြီလို့ ပြောထားပါတယ်။

.

Ref – CNA

.

No comments:

Post a Comment

Pages