.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အောက်တိုဘာလ
၁၉ ရက်၊ နေ့လယ်ပိုင်းက အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးကို ဖမ်းဆီးပြီး ယာဉ်မောင်းကို
ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
.
.ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းတွင် အောက်တိုဘာ ၁၉ ရက်၊
နေ့လယ် ၁ နာရီခွဲခန့်က အများပြည်သူ အန္တရာယ် ဖြစ်စေနိုင်လောက်အောင် အရှိန်ပြင်းစွာ
မောင်းနှင်လာသည့် Toyota Wish အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးအား
တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ယာဉ်မောင်းနှင်သူမှာ မိုင်းယန်းမြို့နယ်၊
နမ့်ခေးမိုင်ကျေးရွာနေ အားဆဲ ဆိုသူ ဖြစ်ကြောင်း သိရပြီး ယာဉ်နှင့် ပတ်သက်သည့် သက်သေခံစာရွက်စာတမ်း၊
အထောက်အထားတစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
အဆိုပါ လိုင်စင်မဲ့ယာဉ် မောင်းနှင်သူ အားဆဲ အား ကျိုင်းတုံမြို့မရဲစခန်းတွင်
ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ယာဉ်မောင်းနှင်သူများအနေဖြင့် အများပြည်သူအား
ထိခိုက်စေနိုင်လောက်သည့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုကြပါရန် အမှတ် (၁၉) ယာဉ်ထိန်းရဲ
ဒုတပ်ဖွဲ့ခွဲရုံး၊ ရှမ်းအရှေ့ က အသိပေးထားသည်။
.

No comments:
Post a Comment