.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊
အောင်ပန်း-ဟဲဟိုးသွားလမ်းတွင် ယမန်နေ့ အောက်တိုဘာလ ၉ ရက်၊ ညနေပိုင်းက ၁၂ ဘီးကားနှင့်
ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်း-ဟဲဟိုးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်
(၈၀/၅) နှင့် (၈၀/၆) အကြားတွင် ယမန်နေ့ အောက်တိုဘာလ ၉ ရက်၊ ညနေ ၆ နာရီခန့်က လားရှိုးမြို့နေ
အမျိုးသမီးတစ်ဦး မောင်းနှင်လာသော NEWZHINENG-125 အမျိုးအစား
အနက်ရောင်ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်တွင် ရှေ့မှ မောင်းနှင်နေသည့် ယာဉ်တစ်စီးအား
ကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ ဆန့်ကျင်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ
မောင်းနှင်လာသည့် NISSAN DISEL အမျိုးအစား ၁၂ ဘီးယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတွင်
ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး ကျိုးကြေဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး
မိမိကိုယ်ကို အသက်သေဆုံးစေသူ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသမီးအား အောင်ပန်းနယ်မြေရဲစခန်းတွင်
ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment