.
၂၀၂၆ အောက်တိုဘာ ၉ရက်
.
အခွန်အမှတ်တံဆိပ်ပါပြေစာများကို စားသုံးသူထံသို့
ထုတ်ပေးခြင်းမရှိသည့် စားသောက်ဆိုင်များကို အခွန်အကောက် ဥပဒေပုဒ်မ ၄၀ (က) အရ ဒဏ်ငွေတပ်
အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
.
.
စားသောက်ဆိုင်လုပ်ငန်းရှင်များသည်
ရောင်းရငွေနှင့်အတူ
ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ပါဝင်သည့် အခွန်အမှတ်တံဆိပ်ကပ်ထားသော ပြေစာကို
စားသုံးသူထံသို့ တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ မဖြစ်မနေ ထုတ်ပေးရမည် ဖြစ်ပြီး
ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်ကို သက်ဆိုင်ရာ မြို့နယ်
အခွန်ဦးစီးဌာနရုံးသို့ လစဉ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
.
အခွန်တံဆိပ် ကပ်ထားသောပြေစာများမထုတ်ပေးသည့်
စားသောက်ဆိုင်များကို သတင်ပေးသူများအတွက် ကောက်ခံရရှိသည့် ငွေများမှ ၃၀ ရာနှုန်း
ဆုချီးမြင့်သွားမည်ဖြစ်ပြီး သတင်းပေးသူ၏ အမည် ကိုယ်ရေး အချက်အလက်များကို
ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ကြောင်း ပြည်တွင်းအခွန်က ထုတ်ပြန် ထားသည်။
.
စားသောက်ဆိုင် လုပ်ငန်းရှင်များအနေဖြင့်
ဒဏ်ကြေးပေးဆောင်ခြင်းမှ ကာကွယ်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ချမှတ်ထားသော
စည်းကမ်းများကို အတိအကျလိုက်နာရန် လိုအပ်ကြောင်း သိရသည်။
.

No comments:
Post a Comment