.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ အောက်တိုဘာလ ၉ ရက်၊ ညနေပိုင်းက သုံးဘီးဆိုင်ကယ်နှင့် တွဲကား တိုက်မိပြီး ကား
၂ စီးနှင့် ဆိုင်တစ်ဆိုင်ကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကလော-အောင်ပန်းသွား ပြည်ထောင်စုလမ်းမကြီးနှင့်
ပင်းတယသွား ကားလမ်းဆုံတွင် ယမန်နေ့ အောက်တိုဘာလ ၉ ရက်၊ ညနေ ၄ နာရီခန့်က အောင်ပန်းမြို့၊
မြို့ဟောင်း ရပ်ကွက်နေ ခွန်ဥဿာ မောင်းနှင်လာသည့်
၃ ဘီးဆိုင်ကယ်သည် ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့်
၂၂ ဘီး တွဲကားနှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ တိုက်မိပြီးနောက် တွဲကားမှ ၃ ဘီးဆိုင်ကယ်အား ရှောင်ရာမှ
TOYOTA HIACE အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး၊ LEXUS LS 460 အမျိုးအစား
အဖြူရောင်ယာဉ်တစ်စီးတို့ကို ထပ်မံတိုက်မိပြီး လမ်းဘေးရှိ စားသောက်ဆိုင်အား ထပ်မံတိုက်မိကာ
ရပ်တန့်ခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း အမျိုးသားတွင်
ဝဲဘက်ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ပြင်ပေါက်ပြဲဒဏ်ရာ၊ ခါးပွန်းခြစ်ဒဏ်ရာ မစိုးရိမ်ရ
ရရှိခဲ့ပြီး အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။
.
“သုံးဘီးနဲ့ တွဲကား တိုက်ပြီးတော့ ရှေ့မှရပ်ထားတဲ့ ကား ၂
စီးကို ဆင့်တိုက်မိတာပါ။ သုံးဘီးက လမ်းမကြီး ကနေ ပင်းတယလမ်းကို ကွေ့တဲ့အချိန် တွဲကားလာတာကို
မမြင်တာပေါ့။ တွဲကားက ရှောင်ပေမဲ့ တိုက်မိတာ ပါ။ သုံးဘီးက ကွေ့တဲ့ယာဉ်ဆိုတော့ သူ့မှာ
တာဝန်ရှိတာပေါ့။ သူ့ကို အမှုဖွင့်ထားပါတယ်” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သုံးဘီးယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး
လူ/ယာဉ် နှင့် စားသောက်ဆိုင်တို့အား ထိခိုက်ဒဏ်ရာရရှိပျက်စီး စေသူ သုံးဘီးယာဉ်မောင်း
ခွန်ဥသာ အား အောင်ပန်း နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment