မီးခိုးမြူတွေ ပိုဆိုးလာတာကြောင့် မလေးရှားမှာ ကျောင်းတွေ ပိတ်ထားရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 10, 2026

မီးခိုးမြူတွေ ပိုဆိုးလာတာကြောင့် မလေးရှားမှာ ကျောင်းတွေ ပိတ်ထားရ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

.

မလေးရှားနိုင်ငံမှာ မီးခိုးမြူတွေ ပိုဆိုးလာပြီး လေထုအရည်အသွေးဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့ အဆင့် အထိ ရောက်လာတာကြောင့် အောက်တိုဘာ ၉ ရက် မှာ ဒေသတချို့က ကျောင်းတွေကို ပိတ်ထားခဲ့ပါတယ်။

.

.

ပညာရေးဝန်ကြီး ဖက်ဒ်လီနာ ဆီဒက်က ကြာသပတေးနေ့မှာ ဖေ့စ်ဘွတ်ခ်ကနေ ပြောကြားရာမှာ ဂျိုဟိုး၊ မလက္ကာ၊ နဂရီဆမ်ဘီလန်နဲ့ ဆလန်ဂေါပြည်နယ်တွေအပြင် မြို့တော်ကွာလာလမ်ပူနဲ့ အုပ်ချုပ်ရေး ဗဟိုဌာန ပူထရာဂျာယာ အပါအဝင် ပါဟန်းပြည်နယ်ဘက်က ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

.

“မီးခိုးမြူအခြေအနေကို ဆက်လက်စောင့်ကြည့်ဖို့နဲ့ လိုအပ်လာရင် ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ပြည်နယ် ပညာရေးဌာနတွေနဲ့ ခရိုင်ပညာရေးရုံးအားလုံးကို ညွှန်ကြားထားပါတယ်” လို့ ဖက်ဒ်လီနာက ပြောပါတယ်။

.

ကျောင်းတွေပိတ်လိုက်တာကြောင့် မိဘတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အစီအစဉ်တွေ ထိခိုက်နိုင် တာကို နားလည်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

.

“နောက်ပိုင်းမှာ ကျောင်းပိတ်ဖို့ ဆုံးဖြတ်ချက်ချရရင် မိဘတွေ ကြိုတင်ပြင်ဆင်ချိန် လုံလုံလောက်လောက် ရအောင် ကြိုတင်အသိပေးနိုင်ဖို့ သေချာဆောင်ရွက်သွားပါမယ်” လို့ သူက ဆိုပါတယ်။

.

ကလေးတွေ၊ ဆရာဆရာမတွေနဲ့ ပညာရေးကဏ္ဍမှာ ပါဝင်သူအားလုံးရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေး ဟာ အဓိကဦးစားပေးအဖြစ် ဆက်ရှိနေမယ်လို့လည်း ဖက်ဒ်လီနာက ပြောပါတယ်။

.

မလေးရှားနိုင်ငံရဲ့ လေထုညစ်ညမ်းမှုညွှန်းကိန်း (API) အရ ၁၀၁ မှ ၂၀၀ အထိကို ကျန်းမာရေး ထိခိုက်နိုင်တဲ့ အဆင့်၊ ၂၀၁ မှ ၃၀၀ အထိကို ကျန်းမာရေးကို အလွန်ထိခိုက်နိုင်တဲ့အဆင့်၊ ၃၀၀ ကျော်ကိုတော့ အန္တရာယ် ရှိတဲ့ အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ အစိုးရရဲ့ အချက်အလက်တွေအရ သောကြာနေ့မနက်မှာ နေရာ ၃၇ ခုရဲ့ API ပမာဏဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်။

.

မီးခိုးမြူကြောင့် စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားအားကစားနေ့ အခမ်းအနားတွေကိုလည်း ပြည်နယ်နဲ့ ဖက်ဒရယ်နယ်မြေ ၇ ခုမှာ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား လူငယ်နဲ့ အားကစား ဝန်ကြီးဌာန က သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

.

ရွှေ့ဆိုင်းလိုက်တဲ့ နေရာတွေကတော့ ကွာလာလမ်ပူ၊ ဆလန်ဂေါ၊ ဂျိုဟိုး၊ ကီဒါ၊ ပီနန်၊ နဂရီဆမ်ဘီလန်နဲ့ မလက္ကာတို့ ဖြစ်ပါတယ်။ ပါဟန်း၊ တရန်ဂါနူး၊ ကလန်တန်၊ ပါလစ်၊ ပီရက်၊ ဆာဘား၊ ဆာရာဝပ်နဲ့ လာဘွမ် တို့မှာတော့ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

“ပြင်ပလှုပ်ရှားမှုတွေအတွက် လေထုအရည်အသွေး ဘေးကင်းတဲ့အဆင့်ကို ပြန်ရောက်လာမှုအပေါ် မူတည်ပြီး အခမ်းအနားကျင်းပမယ့် ရက်အသစ်ကို နောက်မှ ကြေညာပေးပါမယ်” လို့ ဝန်ကြီးဌာနက ပြောပါတယ်။

.

ဒီဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ ဆွေးနွေးပြီးနောက် ချမှတ်ခဲ့တာဖြစ်ပြီး အခမ်းအနား တက်ရောက်သူတွေ၊ စီစဉ်သူတွေနဲ့ အများပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှုတွေ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဝန်ကြီးဌာနကလည်း အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် တောင်းပန်ထားပြီး နားလည်ပူးပေါင်းပေးကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

.

ကြာသပတေးနေ့က ထုတ်ဝေတဲ့ စတားသတင်းစာရဲ့ ဖော်ပြချက်အရ API ပမာဏ ၁၈၀ ကျော်သွားရင် ဒါမှ မဟုတ် သုံးရက်ဆက်တိုက် ၁၅၀ အထက်မှာ ရှိနေရင် ကျောင်းတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေကို ပိတ်ရ မယ်လို့ မလေးရှားပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

.

ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာမက် အာဇမ် အာမက်က မီးခိုးမြူဒဏ်ခံနေရတဲ့ ဒေသ တွေမှာ ကျောင်းတွေ ပိတ်ဖို့ မလေးရှားဘုရင်ရဲ့ အကြံပြုချက်ကို လိုက်နာခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ အထူးသဖြင့် API ပမာဏ ၁၅၀ နဲ့ ၁၈၀ ကြားမှာ အချိန်ကြာမြင့်စွာ ရှိနေတဲ့ နေရာတွေကို ဦးစားပေးစဉ်းစား ခဲ့တယ်လို့ ဆိုပါတယ်။

.

မီးခိုးမြူဒဏ်ခံနေရတဲ့ ကျောင်းတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေမှာ အိမ်ကနေ သင်ယူနိုင်တဲ့ အစီအစဉ်တွေ ကို လုပ်ဆောင်ရမယ်လို့လည်း သူက ပြောပါတယ်။

.

“ဒီကာလအတွင်း ကျောင်းသားတွေရဲ့ သင်ကြားသင်ယူမှုတွေ မပြတ်တောက်စေဖို့ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ရပါမယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ ကျောင်းသားတွေရဲ့ စွမ်းဆောင်နိုင်မှု၊ သင်ယူခွင့်ရရှိနိုင်မှုနဲ့ လိုအပ်ချက်တွေ၊ ဆရာဆရာမတွေရဲ့ အဆင်သင့်ဖြစ်မှုတွေကို ထည့်သွင်းစဉ်းစား ရပါမယ်” လို့ သူက ဆိုပါတယ်။

.

ကျောင်းပိတ်ထားတဲ့ကာလအတွင်း ဆရာဆရာမတွေနဲ့ အထောက်အကူပြုဝန်ထမ်းတွေကိုလည်း အိမ်ကနေ အလုပ်လုပ်ခွင့်ပေးထားတယ်လို့ မိုဟာမက် အာဇမ်က ပြောပါတယ်။

.

မီးခိုးမြူအခြေအနေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး ကျောင်းသားတွေနဲ့ ပညာရေး ဝန်ထမ်းတွေရဲ့ ဘေးကင်းရေး၊ ကျန်းမာရေးနဲ့ ကောင်းကျိုးချမ်းသာအတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေ ဆီက အကြံဉာဏ်တွေ ရယူသွားမယ်လို့လည်း သူက ပြောပါတယ်။

.

ဂျိုဟိုးပြည်နယ်မှာတော့ ကျောင်းသားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ကြာသပတေးနေ့ကစပြီး ကျောင်းအားလုံးကို နှစ်ရက်ပိတ်ထားခဲ့ပါတယ်။

.

ဗုဒ္ဓဟူးနေ့က ဂျိုဟိုးပြည်နယ် ပညာရေးနဲ့ သတင်းအချက်အလက်ကော်မတီ ဥက္ကဋ္ဌ မူဟာမက် နာကစ်ဘ် မိုဟာမက် ဂါဇာလီက ကျောင်းပိတ်လိုက်တာကြောင့် အလုပ်ဆက်လုပ်ရမယ့် မိဘတွေနဲ့ အုပ်ထိန်း သူတွေ အခက်အခဲရှိနိုင်တာကို ပြည်နယ်အစိုးရက နားလည်ကြောင်း ပြောပါတယ်။

.

ဒီနှစ် မီးခိုးမြူရာသီအတွင်း မလေးရှားကျွန်းဆွယ်မှာ ကျောင်းတွေ ယာယီပိတ်ဖို့ ကြေညာခဲ့တဲ့ ပထမဆုံး ပြည်နယ်က ဂျိုဟိုးဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်မချခင် ဗုဒ္ဓဟူးနေ့မှာ ဂျိုဟိုးပြည်နယ် ဘာတူးပါဟတ် ခရိုင်က ပညာရေးအဖွဲ့အစည်း ၃၀၀ ခန့်ကိုလည်း API ပမာဏက ကျန်းမာရေးကို အလွန်ထိခိုက်နိုင်တဲ့အဆင့် ရောက်လာတာကြောင့် ပိတ်ထားခဲ့ပါတယ်။

.

ကျောင်းပိတ်ထားတဲ့ကာလအတွင်း ဖြေဆိုဖို့ စီစဉ်ထားတဲ့ စာမေးပွဲနဲ့ အကဲဖြတ်မှုတွေကို ရွှေ့ဆိုင်းသွားမှာ ဖြစ်ပြီး ရက်အသစ်ကိုတော့ ဂျိုဟိုးပညာရေးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး သတ်မှတ်သွားမယ်လို့ နာကစ်ဘ်က ပြောပါတယ်။

.

“ဒီဆုံးဖြတ်ချက်ကြောင့် လူတိုင်းအနေနဲ့ အစီအစဉ်တွေ ပြန်ပြင်ဆင်ရနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေ မှာ ဂျိုဟိုးက ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို အားလုံးက အတူတကွ ဦးစားပေးရပါမယ်” လို့ သူက ဆိုပါတယ်။

.

အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြည်နယ်အများအပြားအတွင်း သစ်တောမီးနဲ့ မြေယာမီးလောင်မှုတွေကို ထိန်းချုပ် ဖို့ ကြိုးစားနေရပါတယ်။ အဲဒီမီးလောင်မှုတွေကြောင့် မလေးရှားနဲ့ စင်ကာပူအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ မှာ မီးခိုးမြူထူထပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

.

ကြာသပတေးနေ့မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို ဟာ မီးခိုးမြူပြဿနာကို တိုက်ဖျက်ဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ သဘောတူထား ကြောင်း ပြောပါတယ်။ မလေးရှားဘက်ကလည်း လိုအပ်ရင် အကူအညီပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

.

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းထားကြောင်း အန်ဝါက ပြောပါတယ်။ အဲဒီအစည်းအဝေး ကနေ ဒေသတွင်း ပူးပေါင်းတုံ့ပြန်မှုကို ညှိနှိုင်းပြီး အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်။

.

Ref – CNA

.

No comments:

Post a Comment

Pages