တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ရပ်ထားသည့်ဆိုင်ကယ် ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 10, 2026

တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ရပ်ထားသည့်ဆိုင်ကယ် ခိုးယူခံရ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ ပတ္တမြားပုဂ္ဂလိကဆေးရုံဝင်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်တစ်စီး အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ပတ္တမြားဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာ၏ မိသားစုဝင်တစ်ဦးသည် အောက်တိုဘာလ ၇ ရက်၊ နံနက် ၇ နာရီခွဲခန့်က ဆေးရုံဝင်းအတွင်း ဆိုင်ကယ်ရပ်နားထားခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ဆိုင်ကယ် ရှိ/မရှိ သွားရောက်ကြည့်ရှုရာမှ ဆိုင်ကယ်ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

“ဆေးရုံကတော့ သူတို့ လုံခြုံရေးဝန်ထမ်းကို အလုပ်ထုတ်ပေးမယ်၊ ဆေးရုံကတော့ ဆေးရုံတက်တဲ့ ၂ ရက်အတွက် အခန်းခ ၁၂၀၀၀၀ လျှော့ပေးမယ်လို့ပြောတယ်။ နောက်ပြီး အမှုဖွင့်ဖို့ CCTV မှတ်တမ်းကို ထုတ်ပေးမယ် လို့ပဲ ပြောပါတယ်” ဟု ဆိုင်ကယ်ခိုးယူခံရသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ခိုးယူခံရသည့် ဆိုင်ကယ်မှာ SHN-74W/5688 နံပါတ်ပါ ခဲ/နက်ရောင် ယိုးဒယားဘီး ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီး နယ်မြေရဲစခန်းသို့ အကြောင်းကြားထားသည်ဟု သိရသည်။

.

ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ခိုးယူခံရမှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ပြီး ရဲတပ်ဖွဲ့သို့ လာရောက် အကြောင်းကြား ထားကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပတ္တမြားဆေးရုံ၏ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာတွင် “ဒီဖုန်းနံပါတ်က ဆေးရုံ လူနာ ဘိုကင်တင်တဲ့ ဖုန်းနံပါတ်ပါ။ သတင်းမီဒီယာတွေကို ဖြေကြားပေးလို့ မရပါဘူး” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

.

#KBZTai #Shan #Taunggyi

.

No comments:

Post a Comment

Pages