.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
ဆူဒန်နဲ့တောင်ဆူဒန်နယ်စပ်က အငြင်းပွားနေတဲ့
အက်ဘီယေးဒေသမှာ ဈေးတစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက် ခံရတာကြောင့် အနည်းဆုံး လူ ၇၃ ဦး သေဆုံးပြီး ၁၉ ဦး
ဒဏ်ရာရခဲ့တယ်လို့ အက်ဘီယေး ဒေသ ယာယီ သတင်းအချက်အလက်ဝန်ကြီး
ယိုဟာနာ အကောလ်ငေါက ပြောပါတယ်။
.
.တနင်္လာနေ့က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ
ဒရုန်းအများအပြားကို ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ် ခဲ့တာလို့
ယိုဟာနာ အကောလ် ငေါက ရိုက်တာသတင်းဌာနကို အင်္ဂါနေ့မှာ ပြောခဲ့ပေမယ့် ဘယ်သူက
တိုက်ခိုက်ခဲ့ တယ်ဆိုတာနဲ့ ပတ်သက်ပြီး သက်သေတော့ မပြခဲ့ပါဘူး။
.
အက်ဘီယေးဟာ ရေနံကြွယ်ဝတဲ့ ဒေသတစ်ခုဖြစ်ပြီး ဆူဒန်နဲ့
တောင်ဆူဒန် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထား တာကြောင့်
နှစ်နိုင်ငံ ပူးတွဲအုပ်ချုပ်နေတဲ့ နယ်မြေဖြစ် ပါတယ်။
.
အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး
အများအားဖြင့် တိုင်းရင်းသားအုပ်စုတွေ၊ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ
ဖြစ်ပွားလေ့ရှိပါတယ်။တောင်ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း
အက်ဘီယေးမြို့မြောက်ဘက်က ဈေးတစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့
တနင်္လာနေ့ညမှာ ထုတ်ပြန်ခဲ့ပေမဲ့ အရပ်သား ဘယ်နှဦး သေဆုံး၊
ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။
.
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆူဒန်သံအမတ်ကို ဆင့်ခေါ်ကာ
အပြင်းအထန်ကန့်ကွက်ကြောင်းနဲ့ အရပ်သား တွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင်း
ပြောကြားခဲ့ပါတယ်။
.
ဆေးဘက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့ MSF ကတော့
အနီးအနားက အမက်သ်ဘက်ခ် ဆေးရုံမှာ ဒဏ်ရာရသူ ၂၀ ကျော်ကို ကုသပေးနေပြီး အဲဒီထဲမှာ
အခြေအနေစိုးရိမ်ရသူတွေလည်း ပါတယ်လို့ ပြောပါတယ်။ မီးလောင်ဒဏ်ရာရသူတွေလည်း ရှိပြီး
ခွဲစိတ်ကုသမှု၊ ဒဏ်ရာကုသမှုနဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု တွေ
ပေးနေတယ်လို့ MSF က ဆိုပါတယ်။
.
ဆူဒန်နိုင်ငံမှာ ၂၀၂၃ ခုနှစ် ဧပြီလကတည်းက
ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အရန်တပ်ဖွဲ့ RSF တို့ကြား
စစ်ပွဲဖြစ်ပွားနေပြီး အဲဒီပဋိပက္ခထဲမှာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့
နိုင်ငံခြားအင်အားကြီးနိုင်ငံတွေပါ ပါဝင်လာခဲ့ပါတယ်။ ဒီစစ်ပွဲကြောင့်
ဆူဒန်နိုင်ငံရဲ့ နေရာအများအပြား ပျက်စီးခဲ့ပြီး ကုလသမဂ္ဂက ကမ္ဘာ့အဆိုးရွားဆုံး
လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းလို့ သတ်မှတ်ထားပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment