.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
ထိုင်းနိုင်ငံက ပြည်နယ် ၂၂ ခုနဲ့ ဘန်ကောက်အရှေ့ပိုင်း
ခရိုင် ၃ ခုမှာ ရေကြီးနေပြီး အိမ်ထောင်စု ၆၀၄,၂၆၅ စု၊
လူဦးရေ ၁၈ သိန်းကျော်ထိခိုက်နေပေမဲ့ ရေကြီးနေတဲ့ ဒေသအားလုံးမှာ
ရေပြန်ကျလာနေပြီလို့ သဘာဝဘေး ကာကွယ်ရေးနဲ့ လျှော့ချရေးဌာန (DDPM) က
ပြောပါတယ်။
.
.
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ မြောက်ပိုင်းကနေ ရေတွေ
တောင်ဘက်ကို စီးဆင်းလာတာကြောင့် မြစ်တွေ ရေလျှံပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
လက်ရှိမှာ ခရိုင် ၈၈ ခု၊ ရပ်ကွက်/ကျေးရွာအုပ်စု ၇၁၅ ခုနဲ့ ကျေးရွာ ၅,၄၃၅
ရွာ ထိခိုက်နေပါတယ်။
.
အရှေ့ပိုင်းမှာတော့ နခွန်နာယော့ခ် ပြည်နယ်မှာ
အိမ်ထောင်စု ၂၃,၈၃၅ စု ထိခိုက်ပြီး လူ ၆ ဦး သေဆုံးထားပါတယ်။
ပရာချင်ဘူရီမှာ အိမ်ထောင်စု ၅၁,၃၉၀ စု ထိခိုက်ပြီး ၂၆ ဦး
သေဆုံးထားသလို ချာချောင်ဆောင်မှာ အိမ်ထောင်စု ၅၄,၇၂၉ စု
ထိခိုက်ပြီး ၇ ဦး သေဆုံးထားပါတယ်။
.
အလယ်ပိုင်းမှာတော့ ပထုမ်သာနီက အိမ်ထောင်စု ၁၀၆,၇၀၅
စု ထိခိုက်ပြီး အများဆုံးဖြစ်ပါတယ်။ အယုဒ္ဓယ မှာ အိမ်ထောင်စု ၇၂,၃၃၆
စု၊ ဆူဖန်ဘူရီမှာ ၂၂,၅၉၈ စု ထိခိုက်ထားပါတယ်။
.
ဘန်ကောက်မှာတော့ လတ်ကရဘန်း၊ နောင်ချော့ခ်နဲ့ မင်းဘူရီ
ခရိုင် ၃ ခုမှာ ရေကြီးနေပြီး အိမ်ထောင်စု ၂၁၀,၆၄၈ စု
ထိခိုက်ကာ လူ ၄ ဦး သေဆုံးထားပါတယ်။ အဲဒီဒေသတွေမှာလည်း ရေပြန်ကျလာ နေပြီလို
ထိုင်းသတင်းတွေမှာ ဆိုထားပါတယ်။
.
တောင်ပိုင်းမှာတော့ ကရာဘီနဲ့ စတူန် ပြည်နယ်တွေမှာ
ရေကြီးမှု အခြေအနေ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ် လာနေပါတယ်။ အာဏာပိုင်တွေက
ရေကြီးမှုကြောင့် ထိခိုက်နေသူတွေကို ကူညီဖို့ စက်ယန္တရားတွေ၊ ရေစုပ် စက်တွေနဲ့
ဝန်ထမ်းတွေ ဖြန့်ချထားပြီး ရေကျသွားတဲ့နေရာတွေမှာ အိမ်၊ လယ်ယာနဲ့
အများပိုင်အဆောက်အအုံ တွေ ပျက်စီးမှုကို စစ်ဆေးကာ အကူအညီတွေ အမြန်ပေးနိုင်ဖို့
ပြင်ဆင်နေ ပါတယ်။
.
Ref – The Nation
.

No comments:
Post a Comment