.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းက လက်ကိုင်ဖုန်းဖြင့် စလော့ဂိမ်း ဆော့ကစားသူ
အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
.
အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၃ နာရီခန့်က အောင်ပန်းမြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်း
ဆောင်ရွက်နေစဉ် ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ (၅) လမ်းပေါ်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူ
အမျိုးသားတစ်ဦး အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် အမျိုးသားမှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ
သီဟ ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းကိုင်ဆောင်ထားသည့် လက်ကိုင်ဖုန်းအတွင်းမှ Sea
Hunter SLOT ဂိမ်းဖြင့် အွန်လိုင်း လောင်းကစားပြုလုပ်ပြီး ငွေကျပ် ၆၀၀၀ သွင်းကာ
၃၀၀၀၀ ကျပ် ထုတ်ယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ လက်ကိုင်ဖုန်းဖြင့် အွန်လိုင်းလောင်းကစား စလော့ဂိမ်း
ဆော့ကစားသူ သီဟ အား အောင်ပန်း နယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေ ပုဒ်မ ၁၅ (က) ဖြင့်
အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment