မူဆယ်တွင် စက်သုံးဆီဆိုင် မီးလောင်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, October 20, 2026

မူဆယ်တွင် စက်သုံးဆီဆိုင် မီးလောင်နေ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.

.

မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်၏ ဆီသိုလှောင်ကန်တွင် မီးလောင်မှုဖြစ်ပွားနေခြင်း ဖြစ်ပြီး လက်ရှိ သတင်းရေးသားနေချိန်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

.

“အခုလက်ရှိအထိတော့ မီးမငြိမ်းသေးပါဘူး။ ဆီကန်ကနေ မီးဟပ်သွားတာပါ။ ဆီထည့်နေရင်းနဲ့ ဖြစ်တာလို့ သိရပါတယ်။ လူထိခိုက်မှုတော့ မသိရသေးပါဘူး” ဟု မီးလောင်မှုဖြစ်စဉ်တွင် သွားရောက်ကူညီဆောင်ရွက် နေသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

.

မီးလောင်မှုဖြစ်ပွားရာသို့ မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအသင်းများမှ သွားရောက်ငြှိမ်းသတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages