ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, October 20, 2026

ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းက ရွှေလုပ်ကွက် မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ တောင်ပဲ့ကျေးရွာအနီးရှိ အာရှကမ္ဘာမြေ ရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၄ နာရီခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မြေပြိုကျမှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဦးခေါင်း‌‌နောက်‌စေ့ ပေါက်ပြဲ၊ ယာဘက်ပေါင်ပြတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာပြင်းထန်သည့် တစ်ဦးကို ‌တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် နေရာသည် အာရှကမ္ဘာမြေ ကုမ္ပဏီ၏ ရွှေလုပ်ကွက်ဟောင်း ဖြစ်ပြီး ပိတ်သိမ်းထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်ကာ တရားမဝင် လာရောက်ခိုးတူးသူများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် မြေပြိုကျမှုဖြစ်ပွားသည့်နေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး မြေစာပုံအတွင်း လူကျန်ရှိမှု ရှိ/မရှိ မသိရသေးကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်ကလည်း ရွှေမင်းဖုန်းဒေသ၌ ရွှေတွင်းပြိုကျမှု ဖြစ်ပွားပြီး သေဆုံး/ဒဏ်ရာရသူများ ရှိခဲ့ဖူးကြောင်း သိရသည်။

.

[သတင်းဖြည့်စွက်ချက် - ယနေ့ အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းအထိ နောက်ဆုံရရှိထားသော အချက်အလက်များအရ မြေပြိုမှုကြောင့် သေဆုံးသူ ၂ ဦး၊ ပြင်းထန်ဒဏ်ရာရသူ ၂ ဦးနှင့် မပြင်းထန် ဒဏ်ရာ ရရှိသူ ၅ ဦး ရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။]

.


No comments:

Post a Comment

Pages