တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းကျောင်းသား/သူများစုပေါင်း၍ စူဠာမုနိစေတီတော်တွင် မီးကြာ လှည့်လည်ပူဇော်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 17, 2026

တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းကျောင်းသား/သူများစုပေါင်း၍ စူဠာမုနိစေတီတော်တွင် မီးကြာ လှည့်လည်ပူဇော်မည်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

.

တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းကျောင်းသား/သူများ စုပေါင်း၍ အောက်တိုဘာလ ၁၈ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်၌ မီးကြာလှည့်လည်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

“ညနေ ၅ နာရီ၊ ၆ နာရီဝန်းကျင်လောက် စူဠာမုနိစေတီအောက်ဘက်က တောင်ကြားလမ်းမှာ လူစုပြီး စထွက်မှာပါ။ အခက်အခဲကတော့ ညဘက်ဖြစ်တဲ့အတွက် စေတီတော်အတက်လမ်းမှာ ကားတွေက အရှိန်နဲ့သွားကြတော့ လမ်းလျှောက်တဲ့အခါ တိုက်မိမှာကို စိုးရိမ်ရပါတယ်” ဟု တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းတိုင်းရင်းသားစည်းလုံးရေး တာဝန်ခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မီးကြာလှည့်လည် ပူဇော်ပွဲတွင် ကျောင်းသား/သူ ၄၀၀ မှ ၅၀၀ ဦးခန့်အထိ ပါဝင်နိုင်ရန် စီစဉ်ထား ကြောင်း ၎င်းထံက သိရသည်။

.

ယင်းကဲ့သို့ စုပေါင်းလှည့်လည်ပူဇော်ခြင်းအားဖြင့် ပအိုဝ်းရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ် လူငယ်များအကြား ဆက်လက်ထိန်းသိမ်းနိုင်ရန်အပြင် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စုပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages