ညောင်ရွှေတွင် လူငယ်တစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, October 21, 2026

ညောင်ရွှေတွင် လူငယ်တစ်ဦး ရေနစ်သေဆုံး

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ယနေ့ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက လူငယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်ရှိ နန်းကတ်‌ချောင်းအတွင်း ယနေ့ အောက်တိုဘာ ၂၁ ရက်၊ နေ့လယ် ၂ နာရီ ခန့်က အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ လူငယ် ရေနစ်ပျောက်ဆုံးခဲ့သည့် နေရာသို့ ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ သန္ဓေ နှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များဖြင့်၊ ဒေသခံများဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရေနစ်သူ အမျိုးသားအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး ရွှေမေတ္တာ နာရေးကူညီမှုအသင်း ယာဉ်ဖြင့် ညောင်ရွှေ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ကလည်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန် မြေနီကုန်းရွာအနီးတွင် Grade-12 ကျောင်းသားတစ်ဦး ဘုရားဆွဲလှေပေါ်မှ ပြုတ်ကျ ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး ၂ ရက် အကြာ အောက်တိုဘာ ၁၈ ရက်၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သေးသည်။

.

No comments:

Post a Comment

Pages