ကြက်သွန်နီဈေး တစ်ပိဿာ တစ်သောင်းကျော်အထိ မြင့်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 3, 2026

ကြက်သွန်နီဈေး တစ်ပိဿာ တစ်သောင်းကျော်အထိ မြင့်တက်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

.

ကြက်သွန်နီစိုက်ပျိုးမှု နည်းပါးလာသဖြင့် ဝယ်လိုအားများပြီး တစ်ပိဿာ ကျပ်တစ်သောင်းကျော်အထိ မြင့်တက်လာနေကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ် စားသုံးသူဈေးကွက်အတွင်း ကြက်သွန်နီ ဝယ်လိုအားရှိနေ‌သော်လည်း ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဈေးနှုန်း မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

.

လက်ရှိ ဈေးကွက်အတွင်း ကြက်သွန်နီအသေး တစ်ပိဿာလျှင် ၉၅၀၀ ကျပ်၊အလတ် တစ်ပိဿာ ၁၀၀၀၀ ကျပ်နှင့် အကြီး တစ်ပိဿာ ၁၁၀၀၀ ကျပ် အထိ ပေါက်ဈေးရှိနေပြီး မုန့်ဟင်းခါးချက်ရာတွင် အသုံးပြုသည့် ကြက်သွန်နီဥသေးမှာ တစ်ပိဿာ ၇၅၀၀ ခန့် ဈေးရှိနေကြောင်း သိရသည်။

.

၁၀ ပိဿာအထက် လက်ကားဈေးအနေဖြင့် နည်းငယ် ကွာခြားပြီး ကြက်သွန်နီ ဥကြီးမှာ တစ်ပိဿာ ၉၀၀၀ ကျပ်ခန့် ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

.

“အခုက ကြက်သွန်နီ စိုက်ပျိုးမှု နည်းပါးလာပြီးတော့ ဈေးကွက်မှာ လိုအပ်ချက်ရှိတာကြောင့် ဈေးတက် တာပါ။ စိုက်ပျိုးမှု များလာရင်တော့ ဈေးပြန်ငြိမ်နိုင်ပါတယ်” ဟု ကြက်သွန်နီပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် ဩဂုတ်နှင့် စက်တင်ဘာလ များက ကြက်သွန်နီဥကြီး တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ဝန်းကျင်သာ ဈေးရှိခဲ့ရာမှ ယခု အောက်တိုဘာလဆန်းတွင် တစ်သောင်းကျော်အထိ ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

.

“အရင်ကထက် ဈေးတော်တော်တက်လာတာ တွေ့ရတယ်။ အိမ်သုံးအတွက် မဖြစ်မနေ ဝယ်ရတာဆိုတော့ ဈေးတက်လည်း ဝယ်ရပါတယ်။ အခုလို ဈေးမြင့်နေတာက စားသုံးသူတွေအတွက် အလွန် အခက်အခဲ ရှိပါတယ်” ဟု တောင်ကြီးမြို့နေ အိမ်ရှင်မတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

လက်ရှိတွင် ဈေးကွက်အတွင်း ကြက်သွန်နီအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုရှိနေပြီး တင်သွင်း လာသည့်ဒေသ၊ အရည်အသွေး၊ အရွယ်အစားနှင့် လက်ကား/လက်လီ ဝယ်ယူမှုအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲများ ရှိနိုင်ကြောင်း သိရသည်။

.

ကြက်သွန်နီဈေးနှုန်း မြင့်တက်လာမှုသည် အိမ်သုံး စားသုံးသူများသာမက မုန့်ဟင်းခါး၊ အသုပ်နှင့် အခြား စားသောက်ကုန်များ ပြုလုပ်ရောင်းချသူများအတွက်လည်း ကုန်ကျစရိတ် ပိုမိုမြင့်တက်လာစေပြီး အရောင်းအဝယ် ခက်ခဲနေသည်ဟု သိရဿည်။

.

တောင်ကြီးဈေးကွက်သို့ ကြက်သွန်နီများကို အဓိကအားဖြင့် မြင်းခြံ၊ မလှိုင်၊ တောင်သာ၊ မိတ္ထီလာ၊ မြစ်သား မြို့နယ်များနှင့် မုံရွာဘက်မှ တင်သွင်းရောင်းချကြပြီး အချို့မှာ ဒေသတွင်း ခြံထွက်ကြက်သွန်များလည်း ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages