.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
.
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ Kim Aris (ခ)
ကိုထိန်းလင်းတို့ ယနေ့ အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက တယ်လီဖုန်းမှတစ်ဆင့် စကားပြောဆိုဆက်သွယ်ခွင့်ရခဲ့ကြောင်း
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ထုတ်ပြန်ထားသည်။
.
.
ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ Kim Aris နှင့်
လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် ယနေ့ အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ် ၂ နာရီခွဲမှ
၂ နာရီ ၅၀ မိနစ်အထိ မိနစ် ၂၀ ကြာ ဆက်သွယ် ပြောဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့ အသံကို ပြန်ကြားရတာ
ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလိုမရလောက်အောင် အဓိပ္ပာယ်ရှိ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏
သားဖြစ်သူ Kim Aris (ခ) ကိုထိန်လင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
.
ယင်းကဲ့သို့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းအရာများ
ပြောဆိုခဲ့သည် ကိုမူ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင်လည်းကောင်း၊ ကိုထိန်လင်း၏
ရေးသားမှုတွင်လည်းကောင်း ဖော်ပြထားခြင်း မရှိချေ။
.

No comments:
Post a Comment