ယနေ့အတွက် သတင်းများ | 10-11-2026 - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 10, 2026

ယနေ့အတွက် သတင်းများ | 10-11-2026

.


.

❏ အောင်ပန်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ  ယမန်နေ့က စတင်ပြီး မိုး အဆက်မပြတ် ရွာသွန်းမှု ကြောင့် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက်အစောပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်‌ေနတယ်လို့ သိရပါတယ်။

.

❏ ထူးရတနာအောင်ကိုယ်ပိုင်ကျောင်း တည်ထောင်သူက ရှယ်ယာရှင်နှင့် မိဘများထံမှ ငွေကြေးလိမ်လည် ထွက်ပြေးနေ

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ထူးရတနာအောင် ကိုယ်ပိုင်မူလတန်းကျောင်း တည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခေါ်) ဒေါ်နွယ်နွယ်ဝင်းက ကျောင်းရှယ်ယာငွေများနှင့် ကျောင်းသားမိဘများထံမှ ငွေကြေးများကို လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

.

 

❏ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျီးဖြူကန်နှင့် ကုန်းလှိုင်ရေကန်တို့တွင် ရေလျှံ

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း ယမန်နေ့ နိုဝင်ဘာ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ယနေ့ နိုဝင်ဘာ ၁၀ ရက်၌ ကျီးဖြူကန်နှင့် ကုန်းလှိုင်ရေကန်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

.

 

No comments:

Post a Comment

Pages